Main menu

သောက်ရေသန့်စက်ရုံများအားကွင်းဆင်းစစ်ဆေး

Powered by Drupal

                 စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ပျော်ဘွယ်မြို့ နယ်တာဝန်ခံ(စစ်ဆေးရေးအရာရှိ)ဦးစန်းအောင်နှင့်အဖွဲ့သည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊မြို့ နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးအဖွဲ့များနှင့်ပူးပေါင်း၍ ၂၀၂၆ ခုနှစ် ဖေဖော် ဝါရီလ (၁၁)ရက်နေ့ ၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် ပျော်ဘွယ်မြို့နယ်ရှိ သောက်ရေသန့်စက်ရုံ(၄)ရုံ အား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          စားသုံးသူရေးရာဦးစီးဌာန၊ ပျော်ဘွယ်မြို့နယ်တာဝန်ခံနှင့်အဖွဲ့သည် Ayar Myanmar ရေသန့် စက်ရုံ၊ ရွှေပုပ္ပါးရေသန့်စက်ရုံ၊ သစ္စာရေစင်ရေသန့်စက်ရုံ၊ Tiger ရေသန့်စက်ရုံများအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး လုပ်ငန်းရှင်များအားတွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါကုန်စည်များ ပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ် ချက်များနှင့်အညီဖြန့်ဖြူးရောင်းချရန်၊ ကုန်စည်၏အရည်အသွေး၊ ထုတ်လုပ်ရက်စွဲ/သက်တမ်းကုန်ဆုံး ရက်စွဲများ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်းများ၊ သက်ဆိုင်ရာဌာန၏ထောက်ခံချက် ပြည့်စုံမှုရှိရန်ဆွေးနွေးခဲ့ပြီး ပြည့်စုံမှုမရှိသောလုပ်ငန်းများအား ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံ စွာမှတ်ပုံတင်နိုင်ရေးအတွက် ဌာနမှကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် ဥပဒေအခန်း(၁၁)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ စားသုံးသူများလက်ခံနိုင်သည့် အရည်အသွေးရှိခြင်းကို အထူးအလေးထားဆောင်ရွက်ရန် အသိပညာပေးဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)