
စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် စစ်ဆေးရေးအရာရှိဦးဆောင်သော ဈေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့သည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ် ပြည်သူ့ကျန်းမာရေး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့သည် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ (၉) ရက် နေ့တွင်မိတ္ထီလာမြို့နယ်၊ ကုန်စုံဆိုင်များအတွင်းရောင်းချလျှက်ရှိသော အသင့်စားခေါက်ဆွဲခြောက်ထုပ် အမျိုးမျိုးအားဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကိုဆောင်ရွက်ခဲ့ကြပါသည်။ ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဈေးကွက်တွင်ရောင်းချနေသော အသင့်ခေါက်ဆွဲခြောက် အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြခြင်း ရှိ/မရှိ၊ သက်ဆိုင်ရာဌာနများမှ ကန့်သတ်တားမြစ်ထားသည့်မုန့်များ ရောင်းချခြင်း ရှိ/မရှိနှင့် စားသုံးသူဘေးအန္တရာယ်ဖြစ်စေနိုင်သော မုန့်များရောင်းချခြင်း ရှိ/မရှိတို့အားစစ်ဆေးခဲ့ပြီး၊ကုန်စည်အမျိုးအစားအလိုက်သတ်မှတ်ထားသည့် ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ကြရန်ပြောကြားခဲ့ပြီး စျေးကွက်အတွင်း ရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်အမှတ်အသားပြည့်စုံစွာ ဖော်ပြဆောင်ရွက်မှုရှိ/မရှိအား ဌာနမှ စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများကို နေ့စဉ်ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းမရှိသော ကုန်ပစ္စည်းများအားရောင်းချခြင်းမပြုကြရန်ပြောကြားခဲ့ပြီး၊ သတ်မှတ်စံချိန်စံနှုန်းနှင့်ကိုက်ညီ၍ သက်ဆိုင်ရာဌာနများမှ ခွင့်ပြုထားသောသော ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသော အသင့်စားခေါက်ဆွဲခြောက်များကိုသာ ဈေးကွက်အတွင်းရောင်းချလျက် ရှိကြောင်းသိရှိရပါသည်။
DOCA(မန္တလေး)
