
ဖျာပုံခရိုင်၊ဒေးဒရဲမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာ၀န်ခံသည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌စာဖတ်ပြည်သူ(၁၀)ဦးအားစားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ဖေဖော်ဝါရီလ(၅)ရက်နေ့၊ နေ့လယ်(၁၂:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမြို့နယ်တာ၀န်ခံမှ စားသုံးသူများ၏ အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ စီမံခန့်ခွဲရေးအရအရေးယူခြင်း၊ စားသုံးသူ၏အဓိပ္ပါယ်နှင့် စီးပွားရေးလုပ်ငန်းရှင်များ၏ အဓိပ္ပါယ်၊ အကျိုးစီးပွားကို ကာကွယ်ပေးနိုင်ရန်အတွက် စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့တွင် အတည်ပြုပြဋ္ဌာန်းခဲ့ကြောင်းနှင့် စားသုံးသူအခွင့်အရေး (၈)ချက်အကြောင်းအရာများ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာများ၊ စားသုံးသူထိခိုက်နစ်နာလျှင် တိုင်ကြားနိုင်မည့် နည်းလမ်းများ၊ အွန်လိုင်းစျေးရောင်းချမှုနှင့် ပတ်သက်၍ သုံးစွဲသူများ သိရှိရမည့်အကြောင်းအရာများကို ရှင်းလင်းဆွေးနွေး ဟောပြောခဲ့ကြောင်းသတင်းရရှိပါသည်။
DOCA(ဧရာဝတီ)
