Main menu

“ချယ်ရီ” အုန်းသီးကျောက်ကျောနှင့် ရေခဲမုန့်လုပ်ငန်း ကွင်းဆင်း

Powered by Drupal

            ဖျာပုံမြို့နယ်အတွင်းရှိ အသေးစား၊ အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး၊ ထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်ရေးနှင့် ဈေးကွက်ပိုမိုရရှိနိုင်ရေးအတွက် စားသုံးသူရေးရာဦးစီးဌာနမှ ဒုခရိုင် ဦးစီးမှူး ဦးစိုးမင်းထိုက်နှင့် ဝန်ထမ်းများသည် “ချယ်ရီ” အုန်းသီးကျောက်ကျောနှင့် ရေခဲမုန့်လုပ်ငန်းအား ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ (၅)ရက်နေ့ နံနက် (၁၀ : ၀၀)နာရီအချိန်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြပါသည်။

          ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ဒု-ခရိုင်ဦးစီးမှူး ဦးစိုးမင်းထိုက်မှ ထုတ်လုပ်သောကုန်စည်နှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပုဒ်မ(၄၁)၊ (၄၃)အရ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့် ပတ်သက်၍ရေးသားဖော်ပြရန်နှင့် မိမိတို့ထုတ်လုပ်သောကုန်စည်များတွင် စားသုံးသူစိတ်ကျေနပ်မှုရှိစေရေး၊ လုပ်ငန်းခွင်တွင် သန့်ရှင်းသပ်ရပ်စေရေး၊ ဈေးနှုန်းဈေးကွက်အခြေအနေနှင့် ထုတ်ကုန်လုံခြုံစိတ်ချ မှုရှိစေရေးတို့အတွက် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)