Main menu

ကျိုက်လတ်မြို့နယ်၊ ကျီးချောင်း (အ.မ.က-၃) ကျောင်းတွင် ကျောင်းသား/ ကျောင်းသူများအား စားသုံးသူအသိပညာပေးခြင်း

Powered by Drupal

          ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ (ဒု-ကြီးကြပ်ရေးမှူး) ဦးတင်စိန်နှင့် ဝန်ထမ်းတို့သည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာ ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ(၆) ရက်နေ့၊ နေ့လယ်(၁၃:၀၀) နာရီအချိန်တွင် ရွာသာယာ အ.မ.က‌ ကျောင်းတွင် ဆရာ/ဆမ (၅)ဦး၊ ကျောင်းသား/ ကျောင်းသူ (၅၀) ဦး၊ စုစုပေါင်း (၅၅) ဦးတို့အား စားသုံးသူအသိပညာပေးဟောပြောပွဲကို ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါဟောပြောရာတွင် ကျိုက်လတ်မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ကြီးကြပ်ရေးမှူး ဦးတင်စိန်က ကျောင်းသား/သူများအား မုန့်များကို ဝယ်ယူသုံးစွဲရာတွင် မြန်မာဘာသာဖြင့် ဖော်ပြထားသော မုန့်များကိုဝယ်ယူစားသုံးရန်နှင့် ဖော်ပြထားသည့် ကုန်အညွှန်းအမှတ်အသားများတွင် ပါဝင်ပစ္စည်း၊ ထုတ်လုပ်သည့်ရက်စွဲ၊ ဘေးထွက်ဆိုးကျိုး၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သက်တမ်းကုန်ဆုံးရက်၊ လိပ်စာအပြည့်အစုံ စသည့်ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါဝင်သောမုန့်များကို ရွေးချယ်ဝယ်ယူစားသုံးကြရန်နှင့် စားသုံးသူများဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် တားမြစ်ဆိုးဆေး၊တာရှည်ခံ ဆေးများဖြင့် ပြုလုပ်ထားသော အစားအစာများ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကွဲရေးဦးစီးဌာနမှ တားမြစ်ထားသော ကုန်စည်များကိုဝယ်ယူသုံးစွဲခြင်းမပြုရန် ကျန်းမာရေးအတွက် အစားအစာများကို ရွေးချယ်ဝယ်ယူစားသုံးရန်လိုအပ်ကြောင်း ဟောပြောခဲ့မှု့အပေါ် သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)