Main menu

စိန်ဟိုင်းဆန်စက်တွင် ထင်းအစားထိုး(စပါးခွံ့ လောင်စာတောင့်)ထုတ်လုပ်နေမှုအခြေအနေ ကွင်းဆင်းစိစစ်ခြင်း

Powered by Drupal

          ကျိုက်လတ်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးမိုးမင်းသန်းနှင့် ဝန်ထမ်းတို့သည် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ(၆) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် အမှတ် (၆) ရပ်ကွက်ရှိ ဒေါ်မော်မော်တင့် ပိုင်ဆိုင်သော စိန်ဟိုင်းဆန်စက်သို့ သွားရောက်၍ ထုတ်ကုန်လုံခြုံ စိတ်ချရမှုရှိစေရေးနှင့် MSMEs ဖွံ့ဖြိုးတိုးတက်ရေးအတွက် စပါးခွံလောင်စာတောင့် ထုတ်လုပ်နေမှုအခြေအနေများကို ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

          လူသုံးကုန်ဖြစ်သော ထင်းမီးသွေးအစား စပါးခွံ လောင်စာတောင့်လုပ်ငန်းသည် ဈေးကွက်တစ်ခုအနေဖြင့် ထိုးဖောက်လျက်ရှိပြီး ဆန်စက်မှ ထွက်ရှိသောစပါးခွံများကို လေလွင့်ဆုံးရှုံးမှု၊ ပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမှုမရှိစေရေး အတွက်ထုတ်လုပ်သော လုပ်ငန်းစဉ်ဖြစ်ပါသည်။ စပါးခွံ (၁၈) ပိဿာလျှင် လောင်စာတောင့် (၁၆)ပိဿာ ထွက်ရှိပြီး တစ်နေ့လျှင် အချိန်(၂၀) ပါလောင်စာတောင့် အိတ် (၇၀) အိတ် ထုတ်လုပ်လျက်ရှိပါသည်။ ဈေးနှုန်းအနေဖြင့် (၉၅၀၀) ကျပ်ဖြင့် ဒေသအတွင်းနှင့် ရေလုပ်ငန်းလုပ်ကိုင်နေသူများအတွက် ရောင်းချပေးလျက်ရှိပါသည်။

          ထို့နောက်မြို့နယ်တာဝန်ခံက ပုဂ္ဂလိကလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ပုံမှန်ထုတ်လုပ်နိုင်ရေး၊ ဈေးကွက်အတွင်း ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဖြူးရောင်းချနိုင်ရေး၊ အလုပ်သမားမပြတ်လပ်စေရေး၊ စားသုံးသူပြည်သူများအနေဖြင့် သင့်တင့်သည့်ဈေးနှုန်းနှင့် ဝယ်ယူသုံးစွဲနိုင်ရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေး၊ စွန့်ပစ်ပစ္စည်းများအား ယခုကဲ့သို့ တန်ဖိုးမြှင့် ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး၊ လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေးများ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)