
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းတို့သည် စက်မှု့ကြီးကြပ်ဦးစီးဌာနနှင့်ပူးပေါင်း၍၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ (၅) ရက်နေ့၊ နံနက်(၁၁:၀၀) နာရီအချိန်တွင် ကျိုက်လတ်မြို့ အမှတ်(၆) ရပ်ကွက်ရှိ ဦးဇော်လင်းထွန်း ပိုင်ဆိုင်သော သိဒ္ဓိအောင် ဆန်စက်သို့ MSMEs ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။
မြို့နယ်တာဝန်ခံက ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေးအတွက် ဆန်စက်ကြိတ်ခွဲထုတ်လုပ်ရာတွင် ဆန်အရည်အသွေးပြည့်မီစေရေး၊ အလေးချိန် အချိန်အတွယ် မှန်ကန်မှုရှိစေရေး၊ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထုတ်လုပ်သော ကုန်စည်အပေါ် တာဝန်ရှိမှု၊ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ မြေပြင်ဆန်/ စပါး လက်ကျန်သိုလှောင်ထားရှိမှုအခြေအနေ ၊Myro တွင်မှတ်ပုံ တင်ထားရှိမှုအခြေအနေ၊ သက်တမ်းတိုးခြင်းကိစ္စရပ်များ ဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ ဈေးနှုန်းဈေးကွက်အခြေအနေတို့ကို MSMEsဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)
