
စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တာဝန်ခံသည်(၅.၂.၂၀၂၆)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဇလွန်မြို့နယ်၊ပုပ္ပါးလမ်း၊ လမ်းမတော်(မ)ရပ်ကွက်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုကို ရောင်းဝယ်မှုပြုလုပ်ရာတွင် စားသုံးသူအားလိမ်လည်လှည့်ဖြားခြင်း၊ ထင်ယောင်ထင်မှားဖြစ်စေသော နည်းလမ်းများဖြင့် ရောင်းချမရှိစေရေးနှင့် ကျုးလွန်ကြောင်းပြစ်မှုထင်ရှားပါက သက်ဆိုင်ရာဦးစီးမှူးရုံးမှ ချမှတ်နိုင်သည့် အမိန့်များကို အသိပညာပေး Talk Show အစီအစဉ်ကို ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ အစီအစဉ်တွင် မြို့နယ်တာဝန်ခံ ဦးသန့်ဇင်ဦးက ပထမဦးစွာ စားသုံးသူကာကွယ်ရေး ဥပဒေပါ ပုဒ်မ ၂၁ အရ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ ယင်းပုဒ်မ ၂၁ အရ တာဝန်များ လိုက်နာရန်ပျက်ကွက်ကြောင်း သို့မဟုတ် ပုဒ်မ ၂၄၊၂၅ နှင့် ၂၇ ပါ စားသုံးသူက တောင်းဆိုနိုင်သော အခွင့်အရေးများကို ပေးအပ်ရန်ပျက်ကွက်ကြောင်း စစ်ဆေးရေးအရာရှိမှ စစ်ဆေးတွေ့ရှိလျှင် မည်သည့်စီးပွားရေးလုပ်ငန်းရှင်ကိုမဆို သက်ဆိုင်ရာဦးစီးမှူးရုံးမှ သတိပေးခြင်း၊ ပြန်လည်ပြင်ဆင်ပေးစေခြင်း၊ အစားထိုးပေးစေခြင်းနှင့် ဆုံးရှုံးမှုတန်ဖိုးနှင့်အညီ ငွေပြန်လည်ပေးစေခြင်းစသည့် အမိန့်တစ်ရပ်ကို ဖြစ်စေ၊ တစ်ရပ်ထက်ပို၍ဖြစ်စေ ချမှတ်နိုင်ကြောင်း၊ စားသုံးသူထင်ယောင်ထင်မှား ဖြစ်စေသော ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုများကို ပြုပြင်ပြောင်းလဲခြင်း၊ သတ်မှတ်ရက်စွဲကျော်လွန်သော ကုန်စည်များ၊ စားသုံးရန်မသင့်သောကုန်စည်များ ရောင်းချသည်ဟု ကျုးလွန်ကြောင်း ပြစ်မှုထင်ရှားပါက ခြော်လထက်မပိုသောထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း၅၀ ထက်မပိုသော ငွေဒဏ်ဖြစ်စေ ချမှတ်နိုင်ကြောင်း စသည့်တို့ကို အကျယ်တဝင့် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA (ဧရာဝတီ)
