Main menu

ရွှေဘိုမြို့တွင်  စားသောက်ဆိုင်လုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေး

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူး ရုံးအနေဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများဆောင်ရွက်သည့်အပြင်  ကုန်စည်နှင့် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ရွှေဘိုခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးနှင့် စားသုံးသူရေးရာဌာနခွဲတာဝန်ခံတို့သည် (၂၄.၂.၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရွှေဘိုမြို့၊ အမှတ်(၇)ရပ်ကွက်ရှိ ဒေါ်မိုးဆန်းစားသောက်ဆိုင်လုပ်ငန်းရှင် အားတွေ့ဆုံဆွေးနွေးခဲ့ပါသည်။

          ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဒု-ခရိုင်ဦးစီးမှူးက ဥပဒေပါစားသုံးသူအခွင့်အရေး၊ စီးပွားရေး လုပ်ငန်းရှင်၏တာဝန်များ၊ Consumer Call Centerသို့ ဆက်သွယ်မေးမြန်းနိုင်သည့်အကြောင်းများ၊ စားသုံးသူအခွင့်အရေးများရရှိစေရန် စားသောက်ဆိုင်များသည် မိမိတို့ဆိုင်များမှပေးအပ်သည့် ဝန်ဆောင်မှု နှင့်စပ်လျဉ်း၍ စားသုံးသူများအား လုံလောက်သည့်သတင်းအချက်အလက်များကို အသိပညာပေးဖော်ပြထားရန်၊ ရောင်းချသည့် စားသောက်ဖွယ်ရာများ၏ အမျိုးအစား၊ အရွယ်အစား (size)ပမာဏအလိုက် ဈေးနှုန်းအား ပွင့်လင်းမြင်သာစွာ ကြိုတင်အသိပညာပေးဖော်ပြထားရန်၊ အစားအသောက်များ ပြုပြင် ရောင်းချသည့်နေရာများ သန့်ရှင်းစွာထားရှိရန်၊ အစားအသောက်များကို ကိုင်တွယ်ချက်ပြုတ်သူများ၊ ဝန်ဆောင်မှုပေးသူများ၏ တစ်ကိုယ်ရည်သန့်ရှင်းရေးကို အထူးအလေးထားဆောင်ရွက်ရန်၊ လတ်ဆတ် သန့်ရှင်းသော အစားအသောက်များအသုံးပြုရန်နှင့် Online Sale မှတ်ပုံတင်လျှောက်ထားခြင်း အကြောင်းများ အသိပညာပေးဆွေးနွေးခဲ့ကြကြောင်း  သတင်းရရှိပါသည်။      DOCA(စစ်ကိုင်း)