
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တာဝန်ခံဦးမင်းဇော်လတ်နှင့် ဝန်ထမ်းများသည် (၉.၂.၂၀၂၆)ရက်နေ့ နေ့လယ်(၁၂း၃၀)နာရီအချိန်တွင် မော်လမြိုင်ကျွန်းမြို့နယ် မြို့ပေါ်ရှိစက်သုံးဆီ အရောင်းဆိုင်များသို့ သတ်မှတ်ရည်ညွှန်းဈေးဖြင့်ရောင်းချနေခြင်း ရှိ/ မရှိ ကွင်းဆင်းစိစစ်ကြပ်မတ်ဆောင် ရွက်ခဲ့ပါသည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်တာဝန်ခံမှ စက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးနေသည့်လုပ်ငန်းရှင်များအား တရားမဝင် သွင်းကုန်စက်သုံးဆီ၊ ချောဆီများအားတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ဖြင့် စစ်ဆေးဖော်ထုတ်ဆောင်ရွက်နေကြောင်း၊ စက်သုံးဆီ၊ ချောဆီများ သယ်ဆောင်မှုအားစောင့်ကြည့်စစ်ဆေးခြင်း၊ မြို့နယ်အလိုက်စက်သုံးဆီအရောင်းဆိုင် အရေအတွက်နှင့်လက္ကားဝယ်ယူသည့်ကုမ္ပဏီစာရင်းများကောက်ယူနေကြောင်းလုပ်ငန်းရှင်များအနေဖြင့် တရားမဝင်စက်သုံးဆီ၊ ချောဆီများတင်သွင်း၊ ဖြန့်ဖြူးရောင်းချနေခြင်း စစ်ဆေးတွေ့ရှိ ရပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း PPRD မှ နေ့စဉ်ထုတ်ပြန်ထားသော စက်သုံးဆီရည်ညွှန်းဈေးထက်ပိုမိုရောင်းချခြင်းရှိ/ မရှိနှင့်ပြည်သူများအဆင်ပြေစွာ ဝယ်ယူနိုင်ရေး အတွက် မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ စက်သုံးဆီပြတ်လပ်မှုမရှိစေရေး ပုံမှန်ဖွင့်လှစ်ရောင်းချနိုင်ရေး စက်သုံးဆီများကို သတ်မှတ်ဈေးနှုန်းထက်ပိုမိုရောင်းချခြင်းမပြုပဲ အချိန်အတွယ်မှန်ကန်စွာရောင်းချနိုင်ရေး ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ကြရန် စက်သုံးဆီလုပ်ငန်းရှင်များသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA (ဧရာဝတီ)
