Main menu

တောင်ကြီးမြို့ပေါ်ရှိ သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် စားသုံးဆီရောင်းချလျက်ရှိသော လက်လီကိုယ်စားလှယ်အရောင်းဆိုင်များ ကွင်းဆင်းစစစ်ဆေးခြင်း

Powered by Drupal

            ၂၀၂ ခုနှစ်၊ ဖေဖော်ဝါရီ၁၈ ရက်နေ့၊ နေ့လည် (၁၃:၀၀) နာရီတွင် ရှမ်းပြည်နယ် (တောင်ပိုင်း) စားသုံးသူရေးရာဦးစီးဌာန၊ တောင်ကြီးခရိုင်ဦးစီးမှူးရုံးမှ  ဦးခွန်ကျော်ဌေး( လက်ထောက် ညွှန်ကြားရေးမှူး)နှင့် ဝန်ထမ်းများသည် တောင်ကြီးမြို့ပေါ်ရှိ စားသုံးဆီလက်လီအရောင်းဆိုင်များအား သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချခြင်း ရှိ/မရှိ ရှောင်တခင်ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက် ခဲ့ပါသည်။

              ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် သတ်မှတ်ရည်ညွှန်းဈေးဖြင့် စားသုံးဆီ ရောင်းချ လျက်ရှိသော လက်လီကိုယ်စားလှယ်များဖြင့်  ဌာနမှထုတ်ပေးထားသော စားသုံးဆီဝယ်ယူခွင့် စာအုပ်များဖြင့် ရပ်ကွက်၊ ကျေးရွာအုပ်စုများရှိ ပြည်သူများအား သတ်မှတ်ဆီဆိုင်များတွင် သတ်မှတ်ထားသော ဈေးနှုန်းများဖြင့် အဆင်ပြေစွာ ရောင်းဝယ်မှု ရှိ/ မရှိကို ကွင်းဆင်းစစ်ဆေးပြီး လက်လီကိုယ်စားလှယ်များအနေဖြင့် စားသုံးဆီရောင်းချရာတွင် အလေးချိန်ပြည့်ဝမှန်ကန်စေရေး၊ သတ်မှတ်ဈေးနှုန်းထက်ပိုမိုရောင်းချခြင်းမရှိစေရေး၊ တစ်လလျှင် အိမ်ထောင်စုတစ်စုအား (၁ပိဿာ) နှုန်း၊  တစ်လတစ်ကြိမ်ခွဲပြီး တစ်ကြိမ်လျှင်(၁ပိဿာ)နှုန်းဖြင်ရောင်းချပေးနိုင်ရန် စားသုံးဆီဝယ်ယူရာ တွင်လည်း မလိုလားအပ်သောပြသနာ တစ်စုံတစ်ရာမဖြစ်ပေါ်စေရေး အလေးထားဆောင်ရွက်ရန် လက်လီကိုယ်စားလှယ်များအနေဖြင့် အထက်ဌာနများ၏ ဥပဒေ၊ ညွှန်ကြားချက်များအား လိုက်နာ ဆောင်ရွက်ကြရန်၊ စားအုန်းဆီများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားရှိခြင်းများ စစ်ဆေးတွေ့ရှိပါကအရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိုင်ရှင်များအား ရှင်းလင်းဆွေးနွေးမှာကြားခဲ့ပါသည်။

DOCA(ရှမ်း)