Main menu

လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ အသိပညာပေးဆောင်ရွက်

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိစေရန် ကုန်စည်များဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဒေါ်နီလာဝင်း၊ ဦးစီးမှူးနှင့်ဝန်ထမ်းများသည် (၂၃.၂.၂၀၂၆) ရက်နေ့ နံနက် (၁၁:၃၀) နာရီ အချိန် တွင် ရွှေပြည်သာမြို့နယ် အမှတ် (၁၀၅)၊ ချယ်ရီလမ်း၊ စက်မှုဇုန် (၁) ရွှေဧရာနဒီလီမိတက် စက်ရုံတွင် မန်နေဂျာ ဦးအောင်အောင်လတ်နှင့် ဝန်ထမ်းများအား အသိပညာပေးဆွေးနွေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့အသိပညာပေးဆောင်ရွက်ခဲ့ရာတွင် ဒေါ်နီလာဦး၊ ဦးစီးမှူးက စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပါယ်နှင့်တာဝန်များ၊ ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုအခြေအနေ၊ စားသုံးသူများအား လုံလောက်သည့်သတင်းအချက် အလက်များ သိရှိစေရန်အတွက် စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၈)တွင် ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် ကုန်စည်၏အမှတ်တံ ဆိပ်၊ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းပုံ အညွှန်း၊ သုံးစွဲပုံ နည်းလမ်း၊ ဓါတ်မတည်ကြောင်း ဖော်ပြချက်၊ ဘေးထွက်ဆိုးကျိုး၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲစသည်တို့ကို လိုက်နာဆောင်ရွက်သွားရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေ ပြဌာန်းချက်ပါ ပြစ်မှုပြစ်ဒဏ်များအကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)