
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ဦးစီးမှူးရုံးအနေဖြင့် တိုင်းဒေသကြီးဦးစီးမှူးရုံး ပုသိမ်မြို့၏ လမ်းညွှန်ချက်များအရ စားသုံးသူပြည်သူများ အနေဖြင့် စားသုံးသူရေးရာ ဦးစီးဌာန၏ လုပ်ပိုင်ခွင့်နှင့် လုပ်ငန်းတာဝန်များ ပတ်သက်သော သတင်းအချက်အလက်များကို အလွယ်တကူမေးမြန်းစုံစမ်းနိုင်ရန် စားသုံးသူကာ ကွယ်ရေးနှင့် စပ်လျဉ်း၍ သက်ဆိုင်သူအများအပြား အလွယ်တကူ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ရန် ရည်ရွယ်၍ ၂၀၂၁ ခုနှစ်၊ ဇွန်လမှစတင်၍ Consumer Call Center Hotlineနံပါတ်(၁၅၃၅)ကို နေပြည်တော်ရုံးချုပ်တွင် လိုင်းခွဲ(၁)၊ ရန်ကုန်တိုင်းဒေသ ကြီးဦးစီးမှူးရုံးတွင်လိုင်းခွဲ(၂)၊ မန္တလေးတိုင်း ဒေသကြီးဦးစီးမှူးရုံးတွင်လိုင်းခွဲ(၃)တို့ကိုဖွင့်လှစ်ထားရှိပြီးစားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိစေရန် ဆောင်ရွက်ပေးလျက်ရှိပါသည်။
မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အနေဖြင့် စားသုံးသူအသိပညာပေး ဟောပြောပွဲများနှင့် လုပ်ငန်းရှင် တွေ့ဆုံဆွေးနွေးပွဲများ ကျင်းပပြုလုပ်ချိန်များတွင် Consumer Call Center (1535) လိုင်းခွဲ (၁)(၂)(၃) များသို့ ခေါ်ဆိုမေးမြန်းမှုများဆောင်ရွက်လျက်ရှိရာ ၂၀၂၆ခုနှစ် ဇန်နဝါရီလအတွင်း ဆက်သွယ်ဆောင်ရွက်ခြင်းကိုပြုလုပ်ဆောင်ရွက်ခဲ့ပြီး ကျောင်းဖွင့်ကာလက ကျောင်းအသိပညာ ပေးဟောပြောပွဲတွင် ကျောင်းသားလူငယ် ၃ဦးမှ ဆက်သွယ်ဆောင်ရွက်မှု(၃)ကြိမ်၊ စီးပွားရေး လုပ်ငန်းရှင် ၂ဦးမှ ဆက်သွဘ်မေးမြန်းဆောင်ရွက်မှု (၂)ကြိမ် ဆောင်ရွက်ခဲ့ပြီး ညောင်တုန်း မြို့နယ် အနေဖြင့် တိုင်ကြားမှုနှင့်ပတ်သက်၍ သိရှိလိုသည်များကိုလည်းကောင်း စားသုံးသူအခွင့်အရေး များနှင့် ပတ်သက်၍သိရှိလိုသည်များကိုလည်းကောင်း၊ အွန်လိုင်းရောင်းချမှုမှတ်ပုံတင်ခြင်းနှင့် ပတ်သက်၍ လည်းကောင်း၊ ကုန်အညွှန်းအမှတ် အသားနှင့်ပတ်သက်၍လည်းကောင်း၊ Online Sale မှတ်ပုံတင်ခြင်းနှင့် ပတ်သက်၍လည်းကောင်း ခေါ်ဆိုမေးမြန်းခဲ့ရာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း စုစုပေါင်း(၅)ကြိမ် ခေါ်ဆိုနိုင်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)
