
စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးသိန်းထွန်း (ဌာနခွဲစာရေး)နှင့် ဝန်ထမ်းများသည် တောင်ဒဂုံမြို့နယ်၊ ဗဟိုရ်စည်ဈေးစည်ပင်ရုံးတွင် (၅-၂-၂၀၂၆ ) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရပါသည်။
အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးသိန်းထွန်း (ဌာနခွဲစာရေး)သည် စားသုံးသူတို့၏အခွင့်အရေး(၈)ချက်နှင့် တာဝန်(၄)ရပ်၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်(၁၁)ချက်နှင့် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်စေရေး၊ ကုန်ပစ္စည်းများဝယ်ယူရာတွင် သက်တမ်းလွန်နေသောကုန်ပစ္စည်းများဟုတ်/မဟုတ်ကို သေချာ စိစစ်မှပြီးဝယ်ယူကြရန်၊ စားသုံးကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများပါရှိသည့်ကုန် စည်များကိုသာ ရွေးချယ်စားသုံးသင့်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈) ပါ ကုန် အညွှန်းအမှတ်အသားနှင့်ပက်သက်၍ မြန်မာဘာသာဖြင့် ရေးသားဖော်ပြထားသော ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူစားသုံးရန်နှင့် ကုန်စည်နှင့်ဝန်ဆောင်မှုများကြောင့် စားသုံးသူများနစ်နာ ဆုံးရှုံးမှုဖြစ်ပေါ်လာပါက အရေးဆိုတိုင်ကြားနိုင်သည့်စင်တာများ တိုင်း/ ခရိုင်/ ရုံးချုပ်တို့တွင် ဖွင့်လှစ်ထားရှိ၍ Call Centre 1535 သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပညာပေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ရန်ကုန်)
