
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး မူဝါဒ(ပြည်တွင်း)ဌာနခွဲ တာဝန်ခံနှင့် ဝန်ထမ်းများအဖွဲ့သည် (၈.၂.၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ပခုက္ကူမြို့မဈေးအတွင်းရှိ ဆန်ပွဲရုံများနှင့် လက်လီ/လက်ကားရောင်းချသော ဆန် ရောင်းဝယ်ရေးဆိုင်များသို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေး အသိပညာပေးမှုများ ဆောင်ရွက်ခဲ့ ပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဆန်ဆိုင်/ပွဲရုံများအား ဈေးနှုန်းမြှင့်တင် မရောင်းချရန်၊ ဈေးကစားရန်အလို့ငှာ ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများမပြုလုပ်ရန်၊ သတ်မှတ်ထားသော ဈေးနှုန်းများအား ဗီနိုင်းချိတ်ဆွဲ၍ ရောင်းချရန် အသိပညာပေးဆွေးနွေးခဲ့ပါသည်။ ဆန်ရောင်းချ သူများမှ ဆန်များကို ရောင်းရသလောက်သာ မှာယူရောင်းချကြောင်း၊ အများအပြား သိုလှောင် ထားခြင်း များမရှိကြောင်း၊ ဈေးနှုန်းများကိုလည်း သတ်မှတ်ဈေးနှုန်းများဖြင့် ရောင်းချနေသည်ကို တွေ့ရှိရကြောင်း၊ သက်ဆိုင်ရာဌာနများ၏ ညွှန်ကြားချက်များကိုလည်း လိုက်နာဆောင်ရွက် ရန်လိုကြောင်း၊ MyRO မှတ်ပုံတင် ထားသော သိုလှောင်ရုံများအား လစဉ် ဆန် ရ၊ ထုတ်၊ ကျန်စာရင်းများ ဖြည့်သွင်းရန်လိုကြောင်း၊ လက်ကျန်များ မဖြည့်သွင်းလျှင် လုပ်ငန်းရှင်၏ တာဝန်သာဖြစ်ကြောင်း၊ မှတ်ပုံမတင်ရသေးသော သိုလှောင်ရုံများကိုလည်း တစ်ပါတည်း မှတ်ပုံတင် ရန်အသိပေးခဲ့ကြောင်း၊ လက်ရှိရောင်းချနေသော ဆန်များနှင့် ဧရာဝတီ/ ရွှေဘိုပေါ်ဆန်းဆန်များ၏ ဈေးနှုန်း ၊လက်ကျန်၊ စီးဝင်/ စီးထွက်များကို မှတ်တမ်းကောက်ယူခဲ့ပြီး ဆန်ရောင်းဝယ်ရေးဆိုင်များ အား သိရှိကြောင်း ဝန်ခံကတိလက်မှတ်ရေးထိုးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)
