Main menu

နေပြည်တော်ကောင်စီနယ်မြေအတွင်း ရောင်းချလျက်ရှိသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

Powered by Drupal

        ၂၀၂၂ခုနှစ်၊ နိုဝင်ဘာ စတုတ္ထပတ်အတွင်း နေပြည်‌တော်ကောင်စီနယ်မြေတွင် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်း တစ်ပြည် ၃၅၈၀ကျပ်၊ ဧည့်မထ တစ်ပြည် ၂၄၀၀ကျပ်၊ မနောသုခ တစ်ပြည် ၁၇၀၀ကျပ်နှုန်းဖြင့် အ‌ရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ ကြက်သွန်နီ လက်လီဈေးမှာ (ကြီး)တစ်ပိဿာ ၄၀၀၀ကျပ်၊ (လတ်)တစ်ပိဿာ ၃၈၀၀ကျပ်၊ (သေး)တစ်ပိဿာ ၃၄၀၀ကျပ်နှုန်းဖြင့် ‌အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကြက်သွန်ဖြူ လက်လီဈေးမှာ (ကြူကုတ်) တစ်ပိဿာ ၄၂၅၀ကျပ်မှ ၅၅၀၀ကျပ်ထိ၊ (ရှမ်း)တစ်ပိဿာ ၃၈၅၀ကျပ်မှ ၄၅၀၀ကျပ်ထိ၊ ငရုတ်သီး ခြောက်လက်လီဈေးမှာ (အရှည်) တစ်ပိဿာ ၁၂၅၀၀ကျပ်မှ ၁၆၅၀၀ကျပ်ထိ၊ (အပု)တစ်ပိဿာ ၁၄၅၀၀ကျပ်မှ ၂၀၀၀၀ကျပ်ထိ၊ အာလူးလက်လီဈေးမှာ ၂၄၀၀ကျပ်မှ ၃၀၀၀ကျပ်ထိ၊ ခရမ်းချဥ်သီး တစ်ပိဿာ ၁၀၀၀ကျပ်မှ ၁၈၀၀ကျပ်ထိ အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။

          ကြက်ဥ လက်လီဈေးမှာ  တစ်လုံး ၁၉၀ကျပ်မှ ၂၂၀ကျပ်ထိ ဖြစ်ပါသည်။ နေပြည်တော်ကောင်စီနယ်မြေ၏ အသား/ငါး ဈေးနှုန်းများမှာ ကြက်သား(CP) တစ်ပိဿာ ၉၂၀၀ကျပ်မှ ၁၂၅၀၀ ကျပ်ထိ၊ ကြက်သား(ဗမာ) တစ်ပိဿာ ၁၁၀၀၀ကျပ်မှ ၁၄၀၀၀ကျပ်ထိ၊ ဝက်သား တစ်ပိဿာ ၁၁၅၀၀ကျပ်မှ ၁၄၀၀၀ကျပ်ထိ၊ အမဲသား တစ်ပိဿာ ၁၂၅၀၀ကျပ်မှ ၁၄၀၀၀ကျပ်ထိ၊ ငါးမြစ်ချင်း တစ်ပိဿာ ၅၁၀၀ကျပ်မှ ၈၂၀၀ထိ၊ ငါးကြင်း တစ်ပိဿာ ၁၀၀၀၀ကျပ်မှ ၁၄၀၀၀ကျပ်ထိ ရောင်းဝယ် နေကြောင်း သိရသည်။

          စားသုံးဆီ ဈေးနှုန်များမှာ ပဲဆီ တစ်ပိဿာလျှင် ၁၃၀၀၀ကျပ်၊ စားအုန်းဆီ တစ်ပိဿာလျှင် ၅၈၀၀ကျပ်နှင့် နှမ်းဆီ တစ်ပိဿာလျှင် ၁၁၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

DOCA(ပြည်ထောင်စုနယ်‌မြေ)