
၂၀၂၅ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့ နံနက်(၉:၀၀)အချိန်တွင် ကော့သောင်း ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ခရိုင်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ခရိုင်ပို့ ဆောင်ရေးနှင့်စီမံကိန်းဦးစီးဌာန၊ မြို့နယ်မော်တော်ယဉ်လုပ်ငန်းပေါင်းစုံထိန်းသိမ်းရေးကော်မ တီမှတာဝန်ရှိသူများနှင့်အတူ ဦးစားပေးစစ်ဆေးရမည့် သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုကဏ္ဍာ အနေဖြင့် စားသုံးသူများနစ်နာမှုမရှိစေရေးအတွက် ကော့သောင်းမြို့နယ်၊ သီရိမြိုင်ရပ်ကွက် (၃)မိုင် အဝေးပြေးယဉ်ရပ်နားစခန်းမှ မြိတ်ရတနာခရီးသည်ပို့ဆောင်ရေးယဉ်လိုင်းအား မြေ ပြင်ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ ပူးပေါင်းအဖွဲ့များသည် မြိတ်ရတနာ ခရီးသည်ပို့ဆောင်ရေးယဉ်လိုင်းသို့စစ် ဆေးရာတွင် သက်ဆိုင်ရာဌာနများမှ သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်းများနှင့်အညီလိုက် နာဆောင်ရွက်သွားရန် ယာဉ်လိုင်းများအနေဖြင့် ခရီးသည်နှင့်ကုန်ပစ္စည်း တန်ဆာများကို ပေးပို့ ရာတွင် ဝန်ဆောင်မှုကို စားသုံးသူများသိရှိအောင်ကြိုတင်ရှင်းလင်းအသိပေးဆောင်ရွက်စေရေး၊ စားသုံးသူများအခွင့်အရေးတရပ်အနေဖြင့် အခြေခံလိုအပ်ချက်များအပေါ်စိတ်ကျေနပ်မှု မရှိပါက တိုင်ကြားနိုင်သည့်အကြောင်း၊ စီးပွားရေးလုပ်ငန်းဘက်မှလည်း ကျင့်ဝတ်နှင့်အညီတာဝန်ယူ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း အသိပညာပေးခြင်း စသည်တို့အားရှင်းလင်းပြောကြားခဲ့ပါကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)
