
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ခရိုင်ဦးစီးမှူးရုံးမှ စားသုံးသူ ထုတ်လုံဌာနခွဲ တာဝန်ခံ ဦးချစ်ကိုကို၊ ခရိုင်ထုတ်လုံဌာနခွဲ ဦးဇော်ထွန်း၊လက်ပံတန်းမြို့နယ် တာဝန်ခံ ဦးကျော်မျိုးထွန်းတို့နှင့်အတူ ၂၀၂၆ခုနှစ်ဖေဖော်ဝါရီလ ၉ရက်နေ့၊ နံနက်(၁၀:၃၀) နာရီအချိန်တွင် လက်ပံတန်းမြို့နယ် မြို့မရပ်ကွက် (၂) လမ်းရှိ ၊ဦးတင်ဦးမုန့်မျိုးစုံ အရောင်းဆိုင်သို့ သွားရောက်၍ ရောင်းချသည့်ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါရှိရေး၊ အထူးသဖြင့် သတ်မှတ် ကုန်ဆုံးရက်လွန်မုန့်များ မရောင်းချရေးနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာဥပဒေ အကြောင်းအရာ များကို ကွင်းဆင်းတွေ့ဆုံဆွေးနွေးခဲ့ပါသည်။
DOCA( ပဲခူး)
