
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်ရီရီရှိန်သည် ၂၀၂၆ခုနှစ်ဖေဖော်ဝါရီလ ၆ရက်နေ့ ၊နံနက် (၁၀:၀၀) နာရီတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊လူထုအခြေအနေပြု ဗဟိုဌာန (C0mmunity Centre)တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာဖြင့် Talk Show အစီစဉ်ဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူကာကွယ်ရေးနှင့် ပတ်သက်၍ သိသင့်သိထိုက်သော အချက်များကို ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင့်နန္ဒာဌေးမှ သိလိုသည်များကို မေမြန်းရာ စားသုံးသူရေးရာဦးစီးဌာန၏ မြို့နယ်တာဝန်ခံမှ မိမိတို့ဝန်ကြီးဌာန၏ စားသုံးသူကာကွယ်ဥပဒေပါ အကြောင်းအရာများနှင့် ပြည်သူတိုင်းဟာ စားသုံးသူဖြစ်သည့် ၊စားသုံးသူတိုင်းမှာ စားသုံးသူအခွင့် အရေးရှိသည် ဆိုသည့်ခေါင်းစဉ်ဖြင့် ပြောကြားပြီးစားသုံးသူကာကွယ်ရေးဆိုတာဘာလဲစားသုံးသူ၏တာဝန်အကြောင်း၊စားသုံးသူအခွင့်ရေးများ၊စားသုံးသူများနစ်နာမှု့ရှိလျှင် တိုင်ကြားနိုင်သည့် နေရာ များကို ပြည်သူများသိရှိနိုင်ရန် ပြန်ဆက်ဌာနနှင့် ပူပေါင်း၍ အသိပညာပေး ဆောင်ရွက်ခဲ့ပါသည်။
DOCA( ပဲခူး)
