Main menu

ဒိန်ချဉ်ထုတ်ကုန်လုံခြုံစိတ်ချရမှု့ရှိစေရေးကွင်းဆင်းစစ်ဆေး

Powered by Drupal

                   ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ကြို့ပင်ကောက်မြို့နယ် ရွာမမြောက်ရပ်ကွက် ကဝိ မင်္ဂလာလမ်းရှိ Lycky Cow ဒိန်ချဉ်လုပ်ငန်းအား ၂၀၂၆ခုနှစ် ဖေဖော်ဝါရီလ ၅ရက်နေ့တွင် ထုတ်ကုန် လုံခြုံစိတ်ချရမှု့ရှိစေရန် စားသုံးဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်ရီရီရှိန်၊တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒု-ဦးစီးမှူးနှင့် အတူ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ဒိန်ချဉ်လုပ်ငန်း၊လုပ်ငန်းရှင်ဦးဇော်နိုင်နှင့်တွေ့ဆုံ၍ ထုတ်လုပ်မှု့အခြေအနေ ဈေးကွက် အခြေ အနေတို့အား မေးမြန်းခဲ့ရာ နွားများကို ကိုယ်ပိုင်ခြံဖြင့် မွေးမြူသလို အပြင်မှလည်း နွားနို့များဝယ်ယူ ရပြီးတစ်နေ့လျှင် ဒိန်ချဉ် (၀.၃)ml ဘူး (၆၀၀) ကို ထုတ်လုပ်လျက်ရှိပြီး နွားနို့ပိဿာ (၇၀) ၊သကြား ရေသန့်၊ဆားအနည်းငယ်တို့ဖြင့် မိသားစုဝင်(၅)ဦးတို့နှင့် လုပ်ကိုင်ပြီး အအေးခန်း(၃)ခန်းထဲတွင် ထည့်ရောင်းချပါကြောင်း ဈေးကွက်အနေဖြင့် မြို့တွင်းဈေးဆိုင်များ၊နတ်တလင်း၊အုတ်ဖိုမြို့များသို့ ပေးပို့ရောင်းချပါကြောင်း ဈေးအနေဖြင့် တစ်ဘူးလျှင် ၁၅၀၀ ကျပ်၊ဖောက်သည်ဈေးတစ်ဘူးလျှင် ၁၄၀၀ ကျပ်ဖြင့် ရောင်းချပါကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားထားသည့် ကုန်အညွှန်း အမှတ်အသားများလည်း ပြည့်စုံစွာပါရှိပြီး ဈေးကွက်မရောက်မှီ Lucky Cow ဒိန်ချဉ်လုပ်ငန်းအား ထုတ်ကုန်လုံခြုံစိတ်ချရမှု့ ရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

DOCA( ပဲခူး)