
စားသုံးသူပြည်သူများအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေ ပြဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖေါ်ပြထားမှုအခြေအနေ တို့နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဖေဖေါ်ဝါရီလ(၁)ရက်မှ (၁၅)ရက်အတွင်းတွင် ပြည်ခရိုင်၊ ပြည်မြို့နယ်တွင် မြို့သစ်ရပ်ကွက်ရှိ ဘူးသွပ်စားသုံးဆီ အမျိုးမျိုးကိုလည်းကောင်း ၊အောင်မင်္ဂလာဈေးအတွင်းရှိ ဆပ်ပြာခဲအမျိုးမျိုးနှင့် ဆက်ပြာရည်အမျိုးမျိုးကိုလည်းကောင်း၊ ရွှေတောင်မြို့နယ်အတွင်းရှိ ကြာနီကန်ရပ်ကွက်ဘူးသွပ်စားသုံးဆီ အမျိုးမျိုးကိုလည်းကောင်း၊ ယွန်းတန်းရပ်ကွက်ရှိ ကုန်မျိုးစုံဆိုင်များတွင် ဆပ်ပြာခဲနှင့်ဆပ်ပြာရည်အမျိုးမျိုးကိုလည်းကောင်း၊ ပန်းတောင်းမြို့နယ်တွင် ဥသျှစ်ပင်ဈေးအတွင်းရှိ ကုန်စုံဆိုင်များသို့ ဘူးသွပ်စားသုံးဆီအမျိုးမျိုးကို လည်းကောင်း၊ ဆပ်ပြာခဲအမျိုးမျိုးနှင့် ဆပ်ပြာရည်အမျိုးမျိုး ကိုလည်းကောင်း၊ ပေါက်ခေါင်းမြို့ နယ်တွင် မြို့မစည်ပင်သာယာဈေးအတွင်းရှိ ဆပ်ပြာခဲနှင့်ဆပ်ပြာရည် အမျိုးမျိုးကိုလည်းကောင်း သက်ဆိုင်ရာ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် သွားရောက်၍ ဈေးကွက်ရောက်ပြီး ကုန်စည် များတွင် ကုန်အညွှန်းအမှတ်အသားပါသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိသော ကုန်စည်များကို တင်သွင်းရောင်းချခြင်း ရှိ/မရှိ၊ သက်ဆိုင်ရာဌာန၏ ထောက်ခံမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါကြောင်းနှင့် စောင့်ကြည့်စစ်ဆေးခဲ့သည့် ကုန်စည်များတွင် ကုန်အညွှန်း အမှတ်အသား ဖေါ်ပြချက်များနှင့် ကိုက်ညီမှုရှိပါကြောင်း သတင်းရရှိပါသည်။
DOCA( ပဲခူး)
