
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး၊ ဒေါ်ဆွေဆွေမိုးနှင့်ဝန်ထမ်းများ၊ အခြေခံပညာမူလွန်တောင်ကွေ့ဈေး ကျောင်းမှ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့်မိဘများပူးပေါင်း၍ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌လူငယ်များ ခိုင်မြဲသောပြည်ထောင်စုစိတ်ဓာတ် အစဉ်ထက်သန်နိုးကြားနေစေရန်နှင့်ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကိုသိရှိပြီး နိုင်ငံတော်ထာဝရငြိမ်းရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်နိုင် စေရန်အတွက် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်မည့် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်ကဗျာရွတ်ဆိုပြိုင်ပွဲကို ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက် ၉:၃၀ နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါပြိုင်ပွဲကို အစီအစဉ် (၅)ရပ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး တောင်ငူမြို့နယ်၊ ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး၊ ဒေါ်ဆွေဆွေမိုးက ယနေ့လူငယ် နောင်ဝယ်လူကြီး ဖြစ်လာမည့် ကျောင်းသူ/ကျောင်းသားများအား အဖွင့်အမှာစကားပြောကြားရာ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင်ကျရောက်မည့် (၇၉) နှစ်မြောက်ပြည်ထောင်စုနေ့ အမျိုးသားရေး ဦးတည်ချက် (၅)ချက်နှင့် ပင်လုံစာချုပ်ချုပ်ဆိုခဲ့ပုံ၊ မိမိတို့နိုင်ငံ၏နေ့ထူးနေ့မြတ်နှင့်အထိမ်းအမှတ်နေ့များတွင် ဉာဏ်စွမ်းအင်ပြိုင်ပွဲများကို ပါဝင်ယှဉ်ပြိုင်သင့်ကြောင်း၊ အနာဂတ်အတွက်လူရည်ချွန်ကောင်းများဖြစ်လာစေရန် စာပေပညာပြည့်စုံမှုရှိရုံသာမက အသိပညာဗဟုသုတများကိုပါ ခြေလှမ်းပေါင်းများစွာဖြင့်ပြင်ဆင်ထားသင့်ကြောင်း၊ အဆိုပါပြိုင်ပွဲသို့ ကျောင်းသား/ကျောင်းသူ (၅၀)ဦးခန့်တက်ရောက်ခဲ့ပြီး အစီအစဉ်များကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
DOCA( ပဲခူး)
