
စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည်(၄.၂.၂၀၂၆)ရက်နေ့ နံနက်(၁၀:၃၀) အချိန်တွင် ဇလွန်မြို့နယ်၊ မေရီလန်းကျေးရွာရှိ “လင်းရောင်ဦး”ဆန်စက်လုပ်ငန်းရှင် ဦးသန်းလွင်နှင့် တွေ့ဆုံ၍ ဆန်စက်တွင် စပါးရောင်းဝယ်မှုအခြေအနေနှင့် ဆန်စပါးလက်ကျန်စာရင်း ကောက်ယူ ခြင်း၊MyRo တွင် သက်တမ်းတိုးဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းရာတွင်လက်ရှိတွင် ဆန်စပါးလက်ကျန်နည်းပါးနေကြောင်း၊ စပါး/ဆန်ဈေးများမှာလည်း အကျဘက်ရောက်ရှိနေပြီး ဝယ်လိုအားနည်းလျက်ရှိကြောင်း သိရှိရပြီး၊ MyRo တွင် မှတ်ပုံတင်ထားသည့် သတ်မှတ်ပမာဏထက် ပိုမိုသိုလှောင်ခွင့် မရှိကြောင်း၊ မှတ်ပုံတင်ထားပြီးသည့် ဆန် စပါး သိုလှောင်ရုံလုပ်ငန်းရှင်များအနေဖြင့် ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန် စာရင်းများအား လစဉ် လဆန်း ၁ရက်နေ့ မှ ၇ ရက်နေ့ အတွင်း Update ဖြည့်သွင်းနိုင်ရေးနှင့် မှတ်ပုံတင်သက်တမ်း တစ်နှစ်ပြည့်မြောက်ပြီးပါက သက်တမ်းတိုးနိုင်ရေးနှင့် ဆန်စပါးလက်ကျန်အခြေအနေများအား ဆွေးနွေးခဲ့ပြီး၊ ဒေသတွင်းဧည့်မထ တစ်အိတ်လျှင် ၄၉၀၀၀/-ကျပ်၊ ရန်ကုန်အရောက် ၅၁၀၀၀/-ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ စပါး ပေါင်(၅၀) တင်း ၁၀၀ လျှင် ၁၃ သိန်းခွဲဝန်းကျင်ဖြင့် ဝယ်ယူ ကြိတ်ခွဲလျက်ရှိပြီး စပါးလက်ကျန် တင်း ၅၅၀၀၀ နှင့် ဆန်အိတ် ၆၀၀ အိတ် လက်ကျန်ရှိကြောင်း၊ ဆန်စက်များပုံမှန်လည်ပတ်နိုင်ရေးအတွက် လိုအပ်သော လျှပ်စစ် Gasifire တပ်ဆင်ထားမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
(DOCA ဧရာဝတီ)
