
အွန်လိုင်းမှတစ်ဆင့် ရောင်းဝယ်မှုပြုလုပ်ရာတွင် ဈေးရောင်းချသူများ ယုံကြည်စိတ်ချမှု ရှိစေရန်၊ အတုအပ လိမ်လည်ရောင်းချခြင်းများမရှိစေရန်၊ Online Shopping များနှင့်ပတ်သက်၍ စားသုံး သူများ၏ ထိခိုက်နစ်နာမှုများကိုကာကွယ်နိုင်ရန် ရည်ရွယ်၍ လုပ်ငန်းရှင်များအား အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း နှင့် စပ်လျဉ်း၍ အသိပညာပေးဟောပြောပွဲကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ(၃)ရက်နေ့ နံနက်(၉:၀၀)နာရီအချိန်တွင် ဇလွန်မြို့နယ်တာဝန်ခံသည် မိတ်ဖက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ဇလွန်မြို့၊ လမ်းမတော်(မ)ရပ်ကွက်၊ ဈေးတာဝန်ခံရုံး၌ ကျင်းပဆောင်ရွက်ခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးသန့်ဇင်ဦးက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ Online Shop များမှတ်ပုံတင်နိုင်ရန် လုပ်ဆောင်ပေးနေပြီး Online မှ ဈေးရောင်းချမည့်သူများက မိမိတို့လုပ်ငန်းများကို မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေအရ စီးပွားရေးလုပ်ငန်းများဆောင်ရွက်ရန် မှတ်ပုံတင်ထားရမည်ဖြစ်ကြောင်း၊ တရားဝင် ကိုယ်ပိုင်ဝက်ဘ် ဆိုက် တစ်ခုရှိရမည်ဖြစ်ကြောင်း၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချသူသည် မိမိ ရောင်းချသော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ရိုးရှင်းမှန်ကန်သောသတင်းအချက် အလက်နှင့် အာမခံချက်များ ပေးအပ်ရ မည်ဖြစ်ပြီး ကျသင့်တန်ဖိုးနှင့်ညီမျှသောအရည်အသွေးပြည့်မီစေရန် တာဝန်ယူမှု၊ တာဝန်ခံ မှုရှိရမည် ဖြစ်ကြောင်း၊ Online မှတ်ပုံတင်ခြင်းဆိုင်ရာ အသေးစိတ် အချက်အလက်များကို ဝန်ကြီး ဌာန ဝက်ဘ် ဆိုက်တွင်ဝင်ရောက်ကြည့်ရှုနိုင်ပြီး မှတ်ပုံတင်ခြင်းအားဖြင့် ရောင်းသူနှင့်ဝယ်သူကြားမှာ ယုံကြည်မှုပိုမိုရရှိစေမှာဖြစ်ပါသည်။ ရောင်းသူ/ဝယ်သူ အငြင်းပွားမှုများရှိလာလျှင်လည်း ဥပဒေ ကြောင်းအရ မှန်ကန်စွာဖြေရှင်းနိုင်မှာဖြစ်ပါကြောင်း၊ မှတ်ပုံတင်လက်မှတ်မရှိဘဲ အွန်လိုင်းစနစ် ဖြင့်ရောင်းချခြင်း ကို ဆောင်ရွက်မည်ဆိုပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေ ပုဒ်မ(၅)အရ အရေးယူခြင်းခံရမည် ဖြစ်ကြောင်း၊ ဆက်လက်၍ Online Shopping မှတ်ပုံတင်လျှောက်ထားခြင်း အဆင့်များကို အသေး စိတ် ရှင်းလင်းဆွေးနွေး အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။
(DOCA ဧရာဝတီ)
