Main menu

ပဲစဉ်းငုံများ အောင်မြင်ဖြစ်ထွန်းလျှက်ရှိ

Powered by Drupal

              မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်တွင် စပါး၊ပဲ၊နှမ်း၊ငရုတ်စသည့် သီးနှံများစိုက်ပျိုးမှုများသော်လည်း ပဲမျိုးစုံအနက်မှ ပဲစဉ်းငုံသီးနှံကိုလည်း စိုက်ပျိုးကြပါသည်။ ပဲစဉ်းငုံကို ကျောက်ဆည်မြို့နယ်တွင် (၁၃၁၂)ဧက၊ မြစ်သားမြို့နယ်တွင်(၇၀၂)ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း ယခင်နှစ်ကာလတူတွင် ကျောက်ဆည်မြို့နယ်၌ (၂၁၂၅)ဧက ၊မြစ်သားမြို့နယ်တွင် (၉၈၈)ဧက စိုက်ပျိုးနိုင်ခဲ့ရာ ယခုနှစ်တွင် ယခင်နှစ်အောက် လျော့နည်းစိုက်ပျိုးခဲ့ကြောင်း သိရှိရပါသည်။ ပဲစဉ်းငုံကို သီးသန့်စိုက်ပျိုးမှုနည်းပြီး  နှမ်း၊ဝါ၊ပဲတီစိမ်းသီးနှံများထဲတွင် သီးညှပ်အဖြစ်စိုက်ပျိုးကြပါသည်။ပဲစဉ်းငုံကို သီးသန့်တစ်မျိုးတည်း စိုက်ပျိုးလျှင် မျိုးအနေဖြင့် တစ်ဧက(၂)ပြည် စိုက်ပျိုးရပြီး သီးညှပ်အဖြစ် စိုက်ပျိုးပါက တစ်ဧက (၁)ပြည်စိုက်ပျိုးကြကြောင်း ၊ စိုက်ပျိုးသည့်မျိုးများမှာ ကြေးနီရောင်တဘက်လှဲမျိုး ၊ ရွှေဝါရောင် လုံးသေးဒင်္ဂါးမျိုးများကို အများဆုံးစိုက်ပျိုးကြကြောင်း၊မိမိစိုက်ခင်းမှ မျိုးကိုချန်ပြီးစိုက်ပျိုးမှုရှိသလို စိုက်ပျိုးချိန်ရောက်မှ ဝယ်ယူ၍စိုက်ကြကြောင်း၊ဇွန်၊ဇူလိုင်လများတွင် စတင်စိုက်ပျိုးကြပြီး ဒီဇင်ဘာ၊ ဇန်နဝါရီလများတွင် စတင်ရိတ်သိမ်းနိုင်ကြောင်း၊ယခုနှစ်စိုက်ပျိုးချိန်တွင် မိုးဦးကောင်းသည့်အတွက် အပင်များအောင်မြင် ဖြစ်ထွန်းလျှက်ရှိကြောင်း ၊ ပဲစဉ်းငုံတစ်ဧက ကုန်ကျစရိတ်အနေဖြင့် ကျပ် (၁၈၀၀၀၀/-) ဝန်းကျင်ခန့် ကုန်ကျကြောင်း ၊ ယခုအခါ ပဲစဉ်းငုံတစ်တင်းလျှင် ကျပ် (၅၀၀၀၀/-)စျေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)