Main menu

ညောင်ဦးမြို့တွင် အသိပညာပေးဟောပြောပွဲဆောင်ရွက်

Powered by Drupal

     ညောင်ဦးမြို့ရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ (၆.၂.၂၀၂၆)ရက်နေ့၊ နေ့လည် ၁၃:၃၀ နာရီ အချိန်တွင် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပပြုလုပ်သော ကာကွယ်ဆေးလွှမ်းခြုံမှုပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ ပိုမို ဆောင်ရွက်နိုင်ရေးအတွက် အသိပညာပေးဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှလည်း ပူးပေါင်းပါဝင်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ အကြောင်းအရာများအား အသိပညာပေးဟောပြော ခြင်းများဆောင်ရွက်ခဲ့ပါသည်။

           အဆိုပါအသိပညာပေး ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ ခရိုင်တာဝန်ခံ ဦးတင်မျိုးခိုင်(ဦးစီးအရာရှိ)က စားသုံးသူကာကွယ်ဥပဒေပြဌာန်း ပေါ်ပေါက်လာပုံ အကြောင်း၊ ဥပဒေပြဌာန်းရခြင်း၏ ရည်ရွယ်ချက်များ၊ အသိပညာပေးဟောပြောပွဲ များဆောင်ရွက်ရ ခြင်း၏ ရည်ရွယ်ချက်များကိုလည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အခွင့် အရေးနှင့်တာဝန်များအကြောင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ သုံးစွဲခြင်းကြောင့်နစ်နာဆုံးရှုံးမှုများဖြစ် ပေါ်လာပါက အရေးဆိုတိုင်ကြားနိုင်သည့် အခြေအနေများ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများကို ဝယ်ယူသုံး စွဲရာတွင် သေချာစွာစိစစ်ကြည့်ရှု့ဝယ်ယူရမည့် ကုန်အညွှန်းအမှတ်အသားများအကြောင်းနှင့် အစား အစာများ၊ အသုံးအဆောင်ပစ္စည်းများကို ဝယ်ယူစားသောက်သုံးစွဲရာတွင် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်ပါသော၊ ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာပါဝင်သော ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူကြရန်လိုအပ်ပါကြောင်းနှင့်ဟောပြောပွဲသို့ ဌာနဆိုင်ရာဝန်ထမ်းများနှင့်ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများစုစုပေါင်း(၈၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)