Main menu

ကျောက်ပန်းတောင်းမြို့တွင် မုန့်အမျိုးမျိုးနှင့်အချိုရည်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

     ကုန်စည်များတွင် သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြပါရှိပြီး စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ကျောက်ပန်းတောင်းမြို့၊ မြို့မစည်ပင်သာယာ ဈေးရှိ စတိုးဆိုင်များတွင် ရောင်းချနေသော မုန့်အမျိုးမျိုး၊ အချိုရည်အမျိုးမျိုးအား စားသုံးသူရေးရာ ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍(၆.၂.၂၀၂၆)ရက်နေ့၊ နံနက် ၀၉:၀၀ နာရီ အချိန်တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

     စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ပန်းတောင်းမြို့နယ်တာဝန်ခံ ဒေါ်မြသန္တာထွန်းနှင့်အဖွဲ့သည် ဈေးကွက်အတွင်းရှိ အသင့်စားမုန့်နှင့်အချိုရည်အမျိုးမျိုးတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း (၁၈) ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းများနှင့် ကိုက်ညီမှုရှိ/မရှိ၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံ ချက်များ ပါဝင်မှုရှိ/ မရှိ၊ သက်တမ်းလွန်ကုန်စည်များ ရောင်းချမှုရှိ/မရှိတို့ကို စစ်ဆေးခဲ့ကြပြီး၊ ကုန်အ ညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာ ဖော်ပြပါဝင်သော ကုန်စည်များ၊ သက်ဆိုင်ရာဌာနများမှ ဖော်ပြ ရန်သတ်မှတ်ထားသောအချက်များနှင့် ကိုက်ညီသောကုန်စည်များကိုသာ ရောင်းချမှုရှိပြီး ဆက်လက်၍ လည်း ဥပဒေပြဌာန်းချက်များ သတ်မှတ်ချက်များနှင့်ကိုက်ညီသော ကုန်စည်များကိုသာ ဖြန့်ဖြူးရောင်း ချရန်၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များအားလိုက်နာကြရန်၊ စီးပွားရေးကျင့်ဝတ် စည်းကမ်းများနှင့်အညီ ဖြန့်ဖြူးရောင်းချကြရန်နှင့်ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ရောင်းချကြရန် ဆွေးနွေးပြောကြား၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင် ရွက်ခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)