Main menu

မုံရွာမြို့တွင် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံမှု ဆောင်ရွက်မှုအခြေအနေ

Powered by Drupal

                   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်  ဦးစီးမှူးရုံးအနေဖြင့် ဌာန၏မျှော်မှန်းချက်ဖြစ်သည့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့်  စားသုံး သူကာကွယ်ရေး လုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့်ဆောင်ပုဒ်နှင့် အညီ ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးမှုလုပ်ငန်းများအပြင် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။

          မုံရွာခရိုင်အနေဖြင့် ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း စီးပွားရေးလုပ်ငန်းရှင်များအား တွေ့ဆုံခြင်း (၃)ကြိမ်ဆောင်ရွက်ခဲ့ရာ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၂)ဦးတို့သည် (၁၀.၂.၂၀၂၆) ရက်နေ့တွင် မုံရွာမြို့၊ ထန်းတောရပ်ကွက်ရှိ “ဝိုင်းအုံ” လက်ဖက်လုပ်ငန်းရှင်နှင့် မုံရွာမြို့၊ မြို့သစ်ရပ်ကွက်ရှိ “ပွဲတော်အုပ်” လက်ဖက်လုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး စားသုံးသူကာကွယ်ရေးဥပဒေပါအကြောင်းအရာများ အမိန့်နှင့်ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေး အသိပညာပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)