
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်အတွင်း ရောင်းချနေသော အသင့်သောက် အချိုရည်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းကို ၂၀၂၆ခုနှစ် ဖေဖော်ဝါရီလ နံနက် (၀၉း၀၀)နာရီအချိန်တွင် အချိုရည်မျိုးစုံရောင်းချသော ဆိုင်ကြီးများသို့ ကွင်းဆင်းစစ်ဆေးသည်။
ဈေးကွက်စောင့်ကြည့်ရေး ပူးပေါင်းအဖွဲ့သည် ပန်းတနော်မြို့နယ်အတွင်း အသင့်သောက် အချိုရည်အမျိုးမျိုး ရောင်းချနေသော ဆိုင်ကြီး (၆)ဆိုင်မှ လုပ်ငန်းရှင်များအား စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုမရှိသည့် စားသောက်ကုန်ပစ္စည်းများ၊ ကုန်ညွှန်းအမှတ်အသား ပြည့်စုံစွာမပါရှိသည့် အသင့်သောက်အချိုရည်များ၊ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန (FDA)၏ ခွင့်ပြုချက်မရှိသော သက်တမ်းလွန် အသင့်သောက် အချိုရည်အမျိုးမျိုးနှင့် စားသောက်ကုန်ပစ္စည်းများအား ဖြန့်ဖြူးရောင်းချခြင်းမပြုစေရန်၊ အသင့်သောက် အချိုရည်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိများအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး မည်သည့်ကုန်စည်မျိုးကိုမဆို စစ်ဆေး တွေ့ရှိပါက သက်ဆိုင်ရာ ဥပဒေများအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ ဥပဒေများအား အသိပညာပေး ဆွေးနွေးခဲ့သည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးမှုအား ပန်းတနော်မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများနှင့် ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများမှ ပူပေါင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
