
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်အတွင်းရှိ ရေလဲကျေးရွာရှိ စိုးမိသားစု ဆန်စက်သို့ ၂၀၂၆ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့က စက်မှုကြီးကြပ်ဌာန၊ ပတ်ဝန်ကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာတို့ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ကွင်းဆင်းစစ်ဆေးရာတွင် မအူပင်မြို့နယ်တာဝန်ခံ ဦးအောင်ဇော်ဦး ဦးစီးအရာရှိက ရေလဲရှိ စိုးမိသားစု ဆန်စက်တာဝန်ခံနှင့်တွေ့ဆုံ၍ ဆန်စက်အား ဆန်/ စပါးဈေးနှုန်းဈေးကွက်အခြေအနေများ၊ ဆန်စက်မှ ထွက်ရှိလာသောဆန်များကို ရန်ကုန်ဘုရင့်နောင် ဈေးကွက်မှသည် အရည်အသွေးမြင့်ကုန်စည်အဖြစ် တိုးတက်ထုတ်လုပ်၍ ပြည်ပပို့ကုန်အထိ တိုးမြှင့်ဆောင်ရွက်နိုင်ရန် နည်းလမ်းကောင်းများကိုဆွေးနွေးပြီး လုပ်ငန်းရှင်တို့၏ကုန်စည်အပေါ် အာမခံချက်ပေးနိုင်ခြင်းနှင့် စပ်လျဉ်၍ ဆွေးနွေးခြင်း၊ လုပ်ငန်းရှင်လိုက်နာရမည့်တာဝန်၊ တားမြစ်ချက်များ၊ ပြစ်မှုနှင့် ပြစ်ဒဏ်များအကြောင်းများကို အပြန်အလှန်ရှင်းလင်းဆွေးနွေးခဲ့ပြီး စစ်ဆေးစဉ်ကာလအတွင်းတွင် စပါးတင်းရေ (၄၀၀၀)၊ ဆန် (၄၀၀)အိတ် သိုလှောင်ထားရှိကြောင်း သိရှိရပြီး သိုလှောင်ရုံ စပါးဆန် လက်ကျန် စာရင်များ Myro တွင် ဖြည့်သွင်းဆောင်ရွက်မှု လုပ်ငန်းစဉ်များ၊ သက်တမ်းတိုး သတ်မှတ်ကာလပြည်မီပါက သက်တမ်းတိုးခြင်းကိုမဖြစ်မနေ ဆောင်ရွက်ရန်စစ်ဆေးခြင်း၊ ဆန်စက်သိုလှောင်ရုံပိုင်ရှင်မှ ရန်ကုန်သို့ ဆန်စက်မှ ဆန်နှင့် ဆန်ကွဲများကို အဓိကထား၍ လစဉ်တင်ပို့ရောင်းချလျက်ရှိကြောင်းနှင့် သက်ဆိုင်ရာဌာနများ၏ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းပြသခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
