Main menu

မုံရွာမြို့၊ မြဝတီရပ်ကွက်  ၊ ဆင်မင်း-၄စတိုးဆိုင်ရှိ  စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းအရောင်းဆိုင်များသို့   ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

              စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူ ပြည်သူများအတွက် ကုန်စည်နှင့်ဝန်ဆောင်မှုများ အသုံးပြုရာတွင်ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ လုံခြုံစိတ်ချရမှု ရှိစေရေးအတွက် အစဉ်ဆောင်ရွက်လျှက်ရှိပါသည်။ စားသုံးသူများအတွက် လုံခြုံစိတ်ချရမှုမရှိသောကုန်စည်များ၊ စားသုံးသူကာကွယ်ရေး ဥပဒေ (၂၀၁၉)၊ အခန်း(၁၈) ပုဒ်မ ၄၁ ပါ ကုန်အညွှန်းအမှတ်အသားများနှင့် ပြည့်စုံမှုမရှိသော ကုန်စည်များ ထုတ်လုပ်ဖြန့်ဖြူးခြင်း၊  ဈေးကွက်အတွင်း တင်သွင်းရောင်းချခြင်းမရှိစေရန် ရည်ရွယ်၍ မုံရွာခရိုင်ဦးစီးမှူးရုံးမှ မုံရွာခရိုင်ဦးစီးမှူး၊ မုံရွာမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်း (၂) ဦး တို့သည် (၉.၂.၂၀၂၆)ရက်နေ့ နေ့လည် (၁၃:၀၀) နာရီ အချိန်ခန့်တွင် မုံရွာမြို့ ၊ မြဝတီရပ်ကွက်၊  ဆင်မင်း-၄ စတိုးဆိုင်ရှိ လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်း အရောင်းဆိုင်များသို့ သောက်ရေသန့် အမျိုးမျိုး၊ နို့နှင့်နို့ထွက် ပစ္စည်းအမျိုးမျိုးနှင့်  Goody အမှတ်တံဆိပ် စားအုန်းဆီဘူးအားဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

           ထိုသို့ဆောင်ရွက်ရာတွင် မုံရွာမြို မြဝတီရပ်ကွက်ဆင်မင်း-၄ စတိုးဆိုင်ရှိ လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များတွင် ကုန်အညွှန်းအမှတ်အသားနှင့်ပြည့်စုံမှုမရှိသော သောက် ရေသန့်အမျိုးမျိုးနှင့် နို့နှင့်နို့ထွက်ပစ္စည်းအမျိုးမျိုးအား ရောင်းချနေခြင်း ရှိ/မရှိ စစ်ဆေးခဲ့ကြပြီးဆိုင်ပိုင်ရှင်များအနေဖြင့် စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု မရှိသော ကုန်စည်များအား တင်သွင်းရောင်းချခြင်းမပြုကြရန် ပြောကြားခဲ့ပြီးလက်ကမ်းစာစောင်များ ပေးဝေခဲ့ကြောင်း သတင်းရရှိပါသည်။ 

  DOCA(စစ်ကိုင်း)