Main menu

မြင်းခြံမြို့၏ငါးသလောက်ဈေးနှုန်း၊ဈေးကွက်

Powered by Drupal

   ငါးသလောက်ငါးသည် မြန်မာနိုင်ငံတွင်လူကြိုက်များသော ငါးအမျိုးအစားများ၌ ပါဝင်၍ အရသာမှာလွန်စွာ‌ကောင်းလို့ "ငါးမှာငါးသလောက်" လို့ပါ ဆိုရိုးစကားထဲဝင်ထားသောငါးဖြစ် ကြောင်း၊၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလတွင် မြင်းခြံမြို့၊ အေးမြသီတာဈေး၌ ရောင်းချနေသော မြစ်ငါးသလောက်ငါး အကြီးတစ်ပိဿာလျှင်(၄၀၀၀၀)ကျပ်၊ အလတ်တစ်ပိဿာလျှင် (၃၅၀၀၀) ကျပ်၊ ပင်လယ်ငါးသလောက်တစ်ပိဿာလျှင် (၂၅၀၀၀-၃၀၀၀၀) ကျပ်ခန့်ပေါက်ဈေးများဖြင့် ရောင်းချလျက်ရှိကြောင်း၊ ဖိုးတုတ်ဖြူကျေးရွာ၊ လေးအိမ်တန်းကျေးရွာနှင့် အနိမ့်ကျေးရွာများသည် ဧရာဝတီမြစ်ရိုး တစ်လျှောက်တွင်တည်ရှိ၍ ငါးဖမ်းလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုကြကြောင်း၊ မြစ်အတွင်းမှ ဖမ်းယူရရှိသောငါးများကို မြင်းခြံမြို့အတွင်းရှိ ငါးဒိုင်များသို့ ရောင်းချကြကြောင်း၊ ပင်လယ်ငါးသလောက်များကို ရန်ကုန်မြို့ရှိ ကြည့်မြင်တိုင် ငါးဈေးကွက်မှ တင်သွင်း၍ ဒေသတွင်းဖြန့်ဖြူရောင်းချကြောင်း ငါးအရောင်းဒိုင်များမှ သိရှိရသည်။

 DOCA(မန္တလေး)