
စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ထုတ်ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြပါရှိစေရေးအတွက် စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးနှင့် မြင်းခြံမြို့နယ်ရှိ MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးမှုကို မြင်းခြံခရိုင်ဦးစီးမှူးရုံး၌ ၅.၂.၂၀၂၆) ရက်နေ့၊ နေ့လယ် ၁၄:၀၀ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါတွေ့ဆုံဆွေးနွေးမှုတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူး ဦးသန်းစိုး (လက်ထောက်ညွှန်ကြားရေးမှူး)က စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် MSME လုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေးကိုလည်း အားပေးကူညီဆောင်ရွက်ပေးလျက်ရှိရာ လုပ်ငန်းရှင်များအနေဖြင့်လည်း မိမိတို့ ထုတ်လုပ်သော ကုန်စည်များကို အရည်အသွေးပြည့်ဝကောင်းမွန်ပြီး စားသုံးသူအတွက်ဘေးအန္တရာယ် ကင်းရှင်းမှုရှိအောင် စီးပွားရေးကျင့်ဝတ်စည်းကမ်းများနှင့်အညီ ထုတ်လုပ်ရန်လိုအပ်ပါကြောင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုများနှင့်ပတ်သက်၍ စားသုံးသူများထိခိုက်နစ်နာမှု မဖြစ်ပေါ်စေရေး အတွက် ဈေးကွက်အတွင်းရှိ ကုန်စည်များကို အစဉ်တစိုက် စောင့်ကြည့်စစ်ဆေးလျက်ရှိသလို၊ ဈေးကွက် မရောက်မီ ကုန်စည်များကိုလည်း လုပ်ငန်းခွင်များသို့ကွင်းဆင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း များဆောင်ရွက်နေပါကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းကဏ္ဍအလိုက် ထုတ်လုပ် ဖြန့်ဖြူးရောင်းချလျက်ရှိသော ထုတ်ကုန်ပစ္စည်းများတွင် ဥပဒေနှင့်အညီ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြပါရှိရမည်ဖြစ်ပါကြောင်း၊ ကုန်စည်နှင့်ပတ်သက်၍ ထည့်သွင်းဖော်ပြရမည့် ကုန်အညွှန်း အမှတ်အသားများနှင့်ပတ်သက်၍ မှန်ကန်စွာဖော်ပြပါရှိစေရေးအတွက် စိစစ်မှုများဆောင်ရွက်ပေး လျက်ရှိရာ မိမိရုံးတွင် လာရောက်၍စိစစ်လျှောက်ထားနိုင်ပါကြောင်း ဟောပြောဆွေးနွေးအသိပညာပေးခဲ့ကြောင်းနှင့် ဟောပြောပွဲသို့ လုပ်ငန်းရှင်(၂၅)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
DOCA(မန္တလေး)
