
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့၊ အမှတ်(၂)ရပ်ကွက်တွင် တစ်နိုင်တစ်ပိုင်ကောက်ရိုးမှို စိုက်ပျိုးခြင်းဖြင့် တစ်ဖက်တစ်လမ်းမှ မိသားစုအပိုဝင်ငွေရရှိနေကြောင်း၊ ထိုသို့ကောက်ရိုးမှိုစိုက်ပျိုး ရာတွင် ၆ပေ ၃ပေရှိ မှိုတစ်ဘောင်ကို မှိုမျိုးစေ့ထုတ်(၄)ထုတ်နှင့် ကုန်ကြမ်းပစ္စည်းများဖြစ်သည့် ထုံး အနည်းငယ်၊ ဂျပ်စက္ကူ(၁၀)ပိဿာခန့်၊ ဖွဲနု၊ နွားချေး (၃)အိတ်၊ ဝါး၊ ဗေဒါပင်နှင့် ကောက်ရိုး စသည့် တို့အတွက် ၆၀၀၀၀ ခန့်ကုန်ကျစရိတ်ရှိကြောင်း သိရသည်။
ကောက်ရိုးမှိုသည် စိုက်ပျိုးပြီး(၁၀)ရက်မြောက်နေ့မှာတော့ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကွက် ဝင်မှိုတွေကို နှုတ်ယူရောင်းချနိုင်ကြောင်း၊ ကိုယ့်မိသားစုအတွက်လည်း ဟင်းတစ်ခွက်ဖြစ်တာ ကြောင့် အိမ်ခြံဝင်းကျယ်ပြီး မြေပိုရှိတဲ့သူတွေအနေနဲ့ ကောက်ရိုးမှိုကို တစ်ပိုင်တစ်နိုင်စိုက်ပျိုးသင့် ကြောင်း၊ ကောက်ရိုးမှိုတစ်ဘောင်လျှင် (၁၀)ပိဿာမှ (၁၅)ပိဿာခန့် ထွက်ရှိကြောင်း၊ ၂၀၂၆ ခုနှစ် ၊ဖေဖေါ်ဝါရီလ ဒုတိယပတ်အတွင်း ကောက်ရိုးမှိုလက်လီ(၁)ပိဿာလျှင် (၁၂၀၀၀)ကျပ် ၊ လက္ကား(၁) ပိဿာလျှင်(၁၁၀၀၀)ကျပ်ဖြင့်ရောင်းချရကြောင်း၊ ကောက်ရိုးမှိုအထွက်နည်းလာသည့်အတွက် (၁)ပိ)ဿာလျှင် (၁၀၀၀)ကျပ်ဈေးနှုန်းမြင့်တက်လာကြောင်း ကောက်ရိုးမှိုစိုက်ပျိုးရောင်းချသူ ဦးဝင်းဦးထံမှ သိရသည်။
DOCA(စစ်ကိုင်း)
