Main menu

အမှတ်တံဆိပ်ပါ ဗူးဆီအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်။ ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  မိတ်ဘက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ၂၀၂၆ခုနှစ် ဖေဖော်ဝါရီလ ၄ရက်နေ့  နံနက်(၀၉:၃၀)နာရီအချိန်တွင် ဓနုဖြူမြို့ပေါ်ရပ်ကွက်ရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချသော အမှတ်တံဆိပ်ပါဗူးသွပ်ဆီများ အားထုတ်ကုန်လုံခြုံ စိတ်ချရမှုရှိစေရေးအတွက် စစ်ဆေးရေးအရာရှိမှ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ဓနုဖြူမြို့နယ် အခြေခံစားသောက်ကုန် ဈေးကွက်အတွင်း စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်ရောက် ကုန်စည်များစစ်ဆေးဆောင်ရွက်ရာတွင်  ဗူးသွပ်ဆီများတွင် FDA ထောက်ခံချက်ပါရှိသည့်အပြင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားကြောင်း စိစစ်တွေ့ရှိရသည်။  ရောင်းချသော လုပ်ငန်းရှင်များကို မြန်မာနိုင်ငံစားသုံးသူကာကွယ် ရေးကော်မရှင်မှထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာရောင်းချရန်နှင့် စီးပွားရေးလုပ်ငန်း ရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊  ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များအားစသည်တို့ကို အသိပညာပေးပြောကြားခဲ့ပြီး၊ ဈေးကွက်စောင့်ကြည့်စစ် ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)