
စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများ သည်(၅.၂.၂၀၂၆) ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် ကျောက်ပန်းတောင်းမြို့၊ ဘူတာရပ်ကွက်ရှိ “သာထွန်းအောင်” အာလူးကြော်လုပ်ငန်းနှင့် ဈေးကွက်သစ်ရပ်ကွက်ရှိ“ထိုက်ဝေ” အာလူးကြော် လုပ် ငန်းများသို့ ကွင်းဆင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများပြုလုပ်ခဲ့သည်။
အဆိုပါ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် လုပ်ငန်းရှင်အနေဖြင့် နိုင်ငံတော်မှသင့်တင့် မျှတသောနှုန်းထားဖြင့် ရောင်းချပေးနေသော လုပ်ငန်းသုံးစားအုန်းဆီများကို လုပ်ငန်းခွင်များတွင် မှန်ကန်စွာသုံးစွဲမှုရှိစေရေး၊ လုပ်ငန်းခွင်များတွင် အမှန်တကယ်လိုအပ်သည့်ပမာဏများသာ လျှောက် ထားမှုရှိစေရေး၊ စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင် တာဝန်များအတိုင်း လိုက်နာဆောင်ရွက်စေရေး၊ ကုန်စည်အမျိုးအစားအလိုက်ထည့်သွင်းဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြပါရှိစေရေး၊ လုပ်ငန်းရှင်များအနေဖြင့် စီးပွားရေး ကျင့်ဝတ် စည်းကမ်းများနှင့်အညီ ဆောင်ရွက်စေရေး၊ မိမိရောင်းချလျက်ရှိသည့် ကုန်ပစ္စည်းနှင့် စပ်လျဉ်းပြီး အာမခံချက်၊ သတ်မှတ်ချက်များနှင့် ပြည့်စုံမှန်ကန်သော သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီထုတ်ပြန်စေရေး၊ သက်ဆိုင်ရာဌာနများမှ ဖော်ပြရန်သတ်မှတ်ထားသောအချက်များ ပါရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့သည်။
DOCA(မန္တလေး)
