
မြန်မာနိုင်ငံတွင် ဆေးဖက်ဝင်အပင်မျိုးစုံ၊သီးနှံမျိုးစုံအား နေရာဒေသအနှံ့အပြားတွင် စိုက်ပျိုး ကြပါသည်။၄င်းသီးနှံများစုံများထဲတွင် ဟင်းခတ်အမွှေးအကြိုင်အဖြစ်အသုံးပြုသည့် ရှမ်းနံနံပင်သည် လည်းတစ်မျိုးအပါအဝင်ဖြစ်ပါသည်။ အချို့အရပ်ဒေသများတွင် ရှမ်းနံနံပင်အား အစိမ်းစားကြသလို ကြက်ချဉ်စပ်ဟင်းရည်၊ ပုဇွန်ချဉ်စပ်ဟင်းရည်၊ ငါးချဉ်စပ်ဟင်းရည် အချဉ်ရည်ဟင်းများတွင်လည်း ဟင်းခတ်အမွှေးအကြိုင်အဖြစ် ထည့်၍စားသုံးကြပါသည်။ ရှမ်းနံနံပင်အား ကုန်စိမ်ရောင်းချသည့် ဆိုင်များတွင် အလွယ်တကူဝယ်ယူ၍ရရှိနိုင်ပါသည်။ ရှမ်းနံနံအရွက်များအား ဟင်းခတ်အမွှေးအကြိုင် အဖြစ် ထည့်သွင်းအသုံးပြုနိုင်ပြီး ကျန်ရှိသည့်အမြစ်များ အားအိုးဖြင့်သော်လည်းကောင်း၊ ဘောင်များ ပြုလုပ်၍သော်လည်းကောင်း အလွယ်တကူစိုက်ပျိုးနိုင်ပါ သည်။ ကျန်းမာရေးအကျိုး ကျေးဇူး အနေဖြင့် ရှမ်းနံနံကိုပုံမှန်စားသုံးခြင်းဖြင့် ဝမ်းမှန်စေခြင်း၊အစာအိမ်နှင့် အူလမ်းကြောင်းပြဿနာများ ကိုလည်းဖြေရှင်းပေးနိုင်ခြင်း၊ ပန်းနာရင်ကျပ်ရောဂါများ၊ နားကိုက်ဝေဒနာများ၊ အဆစ်အမြစ်ကိုက်ခဲသည့် ဝေဒနာများနှင့် ပင့်ကူအကိုက်ခံရပါက ရှမ်းနံနံရွက်ကို ကြိတ်ခြေ၍အုံပေးခြင်းဖြင့် သက်သာစေနိုင်ပါကြောင်း၊ ဗိုက်အောင့်၊ ဗိုက်နာ ရောဂါများဖြစ်ပါက ရှမ်းနံနံရွက်ကို ရေနွေးကြမ်း တွင်ထည့်၍ သောက်သုံးပေးပါက ပျောက်ကင်းနိုင်ပါကြောင်း ကျန်းမာရေး ဗဟုသုတအနေဖြင့်သိရှိ ရပါသည်။ ရှမ်းနံနံစျေးနှုန်းအနေဖြင့် ၅ ပင် တစ်စည်းလျှင် (၅၀၀/-) စျေးနှုန်းများဖြင့် ရောင်းချလျက်ရှိကြောင်း စျေးသည်များထံမှသိရှိရပါသည်။
DOCA(မန္တလေး)
