
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ပေါ်ရှိ ဆန်လက်လီ/ လက်ကားရောင်းချနေသောဆိုင်များသို့ ခရိုင်တာဝန်ခံ ဦးဇော်ထွန်းဦးနှင့် ဝန်ထမ်း(၄)ဦး တို့သည် (၆.၂.၂၀၂၆)ရက်နေ့၊ နံနက်(၁၁:၀၀)အချိန်တွင် မိတ်ဖက်ဌာနများဖြစ်သော ခရိုင်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ စားသုံးသူ ပြည်သူများ ဝယ်ယူသုံးစွဲရာတွင် ဆန်ဈေးနှုန်းကြီးမြင့်မှုမရှိစေရေးနှင့် ပစ္စည်းမှန် ဈေးနှုန်း မှန်ကန်မှုရှိပြီး ဝယ်ယူသည့်ကုန်စည်သည် ပေးချေရသည့် တန်ဖိုးနှင့်အညီရရှိစေရန် ရည်ရွယ်၍ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စွယ်တော်ဆန်ဆိုင်၊ သိန်းကမ္ဘာဆန်ဆိုင်နှင့် ဆန်းရတနာတင့်ဆန်ဆိုင်တို့တွင် ရောင်းချနေသော ရက်(၉၀)၊ ဖန်သီး၊ မနော်သုခ၊ မြောင်းမြပေါ်ဆန်း၊ ဧရာပဒေသာ အစရှိသော ဆန်များ၏ (၁)အိတ်ဈေးနှုန်း၊ (၁)ပြည်ဈေးနှုန်း ရောင်းချနေသော လက်လီဈေးနှုန်းများ အား စစ်ဆေးခြင်း၊ ဆန်များအားဝယ်ယူသည့်ဒေသ၊ နေရာများ၊ ဝယ်ယူဈေးနှုန်းများအား စစ်ဆေးခဲ့ ကြပြီး ဆိုင်ရှင်များအား ဈေးကစားရန်အလို့ငှာ ဆန်များ သိုလှောင်ထားခြင်းမပြုရန် ဆန်များကို ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချမှုမရှိစေရေး၊ အလေးချိန်နှင့် အချိန်အတွယ် မှန်ကန်မှုမရှိဘဲ ရောင်း ချခြင်းများကို စစ်ဆေးတွေ့ရှိခဲ့ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ၊ စားသုံးသူကာကွယ် ရေးဥပဒေများအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)
