Main menu

ညောင်တုန်းမြို့မ ဈေးကြီးအတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

           မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီ (၃) ရက်နေ့၊ နံနက် (၀၈:၀၀)နာရီအချိန်တွင် ညောင်တုန်းမြို့မဈေးကြီးအတွင်းရှိ ကုန်မျိုးစုံအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြပါသည်။

          အဆိုပါကွင်းဆင်းဆေးခဲ့ရာတွင် ပြည်သူများဈေးကွက်အတွင်း ဝယ်ယူအသုံးပြုလျက်ရှိသော ကုန်စည်မျိုးစုံ ဘေးအန္တရာယ်ကင်းရှင်းစွာ ဝယ်ယူနိုင်ရန်နှင့် ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းဖြင့် ကုန်ပစ္စည်းများ ဝယ်ယူသုံးစွဲနိုင်စေရေး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ရန်၊ သတ်မှတ်အရည်အသွေးပြည့်မှီသော ကုန်စည်များကိုသာရောင်းချရန်၊ သက်ဆိုင်ရာခွင့်ပြုချက်၊ ထောက်ခံချက်ပါဝင်သော တရားဝင်ကုန်စည်များ ကိုရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များအကြောင်းပြောခဲ့ပြီး စားသုံးဆီများ အခြားသောလူသုံးကုန်စည်များ သတ်မှတ်ရည်ညွှန်ဈေးအတိုင်း ရောင်းချခြင်းရှိ/ မရှိ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့် ကိုက်ညီမှု ရှိ/မရှိကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)