
စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၏ လမ်းညွှန်ချက်အရ ပန်းတနော်မြို့နယ် တာဝန်ခံသည် ပန်းတနော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဆန်စက်နှင့် သိုလှောင်ရုံ လုပ်ငန်းရှင်များနှင့် (၃-၂-၂၀၂၆) ရက်နေ့က (Myanmar Rice Online MyRo) မှတ်ပုံတင်သက်တမ်းပြည်မှီသော ဆန်စက် သိုလှောင်ရုံးများ သက်တမ်းတိုးဆောင်ရွက်နိုင်ရေး အသိပညာပေး ဆွေးနွေးခဲ့ကြသည်။
စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်တို့ ပူးပေါင်းအကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည့် မြန်မာ့ဆန်စပါး အွန်လိုင်း (Myanmar Rice Online MyRo) တွင် ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၃) ရက်နေ့မှစ၍ ဆန်တန်ချိန် ၂၅ နှင့် အထက် သိုလှောင်ရုံ သို့မဟုတ် စပါးတင်း ၂၅၀၀ နှင့် အထက် သိုလှောင်မှုများအား မှတ်ပုံတင်ခြင်း လုပ်ငန်းများကို ဆောင်ရွက် လျက်ရှိပြီး ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် MyRo မှတ်ပုံတင်ထားရှိသည် သိုလှောင်ရုံစုစုပေါင်း (၁၈၆၁) လုံးရှိပြီး ၂၀၂၆ခုနှစ် ဖေဖော်ဝါရီလအတွင်း မှတ်ပုံတင်သက်တမ်း တစ်နှစ်ပြည့် မြောက်သည့် အလုံးရေ (၃၄၆)လုံး ရှိသောကြောင့် မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်အတွင်းရှိ ဆန်စက်နှင့် သိုလှောင်ရုံများ ထပ်မံသက်တမ်းတိုးခြင်းလုပ်ငန်းကို သတ်မှတ်ရက်ပြည့်မီပါက မဖြစ်မနေဆောင်ရွက်နိုင်ရန်ကို အကျယ်တဝင့်ရှင်းလင်းပြီး မှတ်ပုံတင်သက်တမ်းတိုးဆောင်ရွက်နိုင်ရေး လုပ်ငန်းစဉ်အဆင့်ဆင့်ကို ရှင်းလင်းဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
