
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဒုခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် စိုက်ပျိုးရေးဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ မအူပင်မြို့ရှိ စိုက်ပျိုးရေးသုံးပစ္စည်းအရောင်းဆိုင်များနှင့် ဓာတ်မြေဩဇာအရောင်းဆိုင်များသို့ ၃-၂-၂၀၂၆ ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကွင်းဆင်းစစ်ဆေးရာတွင် ဦးအောင်ဇော်ဦး (စားသုံးသူရေးရာဦးစီးဌာန)မှ စစ်ဆေးရာ မအူပင်မြို့ပေါ်ရှိ ဓာတ်မြေဩဇာ ပစ္စည်းအရောင်းဆိုင်များတွင် ရောင်းချလျက်ရှိသော ဓါတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ အပင်အားဖြည့်ဆေးများနှင့် စိုက်ပျိုးရေးဆက်စပ်သုံးပစ္စည်းများ ဈေးနှုန်းမှန်ကန်စွာ ရောင်းချမှုရှိမရှိ စစ်ဆေးခြင်း၊ စိုက်ပျိုးရေးဦးစီးဌာနက စစ်ဆေးရာ ရောင်းချခွင့်လုပ်ငန်းလိုင်စင်ရှိ/ မရှိစစ်ဆေးခြင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှစစ်ဆေးရာ သက်တမ်းကျော်လွန်နေသောပစ္စည်းများအား တောင်သူများကို ရောင်းချမှုမရှိစေရေး စစ်ဆေးမှာကြားခဲ့ကြပြီး၊ ပူးပေါင်းအဖွဲ့မှ ဓါတ်မြေဩဇာများ ရန်ကုန်အထိုင်စက်ရုံထုတ်ဈေးအပေါ် သယ်ယူခများ ထပ်ဆောင်း၍ သင့်တင့်မျှတသောဈေးနှုန်းများဖြင့် ပြန်လည်ရောင်းချစေရေး၊ တရားဝင်ကုန်စည်များ သက်ဆိုင်ရာဌာန၏ ခွင့်ပြုချက်ကုန်စည်များကို ရောင်းချရန်နှင့်၊ ဆင်တူရိုးမှားအတုအပ ကုန်စည်များ ဈေးကွက်အတွင်း ရောင်းချမှုမရှိစေရေးအတွက် အသိပညာပေး ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
