Main menu

ကုန်မျိုးစုံရောင်းဝယ်ရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးကျော်မိုးလွင်(ဌာနခွဲစာရေး) ဦးဆောင်၍ ‌‌ ဒေါ်သီသီကျော်(အကြီးတန်းစာရေး)နှင့် ဦးရန်ငြိမ်းအောင်(နေ့စား)တို့ ပါဝင်သောအဖွဲ့သည် (10-၂-၂၀၂၆) ရက်နေ့ (၁၁:၀၀) အချိန်တွင် မိုးညှင်းမြို့၊ နားခါရပ်ကွက်ရှိ ကုန်မျိုးစုံရောင်းဝယ်ရေး လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

        ထိုသို့ဆွေးနွေးရာတွင် စီးပွားရေးလုပ်ငန်းရှင်ဆိုသည်မှာ ကုန်စည်ကိုထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ရောင်းချခြင်း၊ ပြုပြင်ထုတ်လုပ်ခြင်း၊ ပြည်ပသို့တင်ပို့ခြင်း၊ ပြည်တွင်း သို့တင်သွင်းခြင်း၊ ပြန်လည်ရောင်းချခြင်း၊ ထောက်ပံ့ခြင်း၊ ဝန်ဆောင်မှုပေးခြင်း၊ ကြော်ငြာလုပ်ငန်းလုပ်ကိုင် ခြင်းတို့ကိုဖြစ်စေ တစ်ဦးခြင်းသော်လည်းကောင်း၊ အဖွဲ့အစည်း နှင့်သော်လည်းကောင်း‌ ဆောင်ရွက်သူကိုဆို လိုကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များဖြစ်သော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု၏ အာမခံ ချက်၊ သတ်မှတ်ချက်များနှင့် စပ်လျဉ်း၍ ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက်များပေးခြင်း၊ စားသုံးသူကို ခွဲခြားမှုမရှိဘဲ ဖြောင့်မတ်မှန်ကန် စွာဆက်ဆံခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ ထပ်မံပေးချေရမည့် တန်ဖိုးကို စားသုံးသူက ဝယ်ယူအသုံးမပြုမီ သိရှိစေရန် အတိအလင်း ဖော်ပြပေးခြင်း စသည့်အချက်များ၊ ကုန်စည်/ဝန်ဆောင်မှု နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှု၊ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းအပြင် စားသုံးသူများ ထိခိုက်နစ်နာနိုင်သော ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊မပြုရန်နှင့် သက်တမ်းကုန်သော ပစ္စည်းများ ရောင်းချခြင်းမပြုရန်တို့ကိုလည်း ရှင်းလင်းဆွေး‌နွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ကချင်)