
စစ်ဆေးရေးအရာရှိများ လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ သင်တန်းအမှတ်စဉ် (၁/၂၀၂၆)ကို ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီ (၃)ရက်မှ (၅)ရက်နေ့ထိ ရုံးချုပ်မှ သင်တန်းသား (၈)ဦး၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ သင်တန်းသား (၁၀၈)ဦး စုစုပေါင်း (၁၁၆)ဦးဖြင့် သင်တန်းချိန် (၁၃)ချိန် ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ သင်တန်းတွင် ပို့ချမည့်ဘာသာရပ်များအနေဖြင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ၊ စားသုံးသူကာကွယ်ရေးဥပဒေ၊ နည်းဥပဒေ၊ အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေ၊ သတင်း အချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲမှု၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ ဘေး အန္တရာယ်ရှိ ကုန်စည်/ဝန်ဆောင်မှု ပြန်လည်သိမ်းဆည်းစေခြင်းနှင့် တားမြစ်ခြင်း၊ ကုန်းအညွှန်း အမှတ်အသား ဖော်ပြခြင်း၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများ၊ စားသုံးသူတိုင်းကြားမှုများ၊ ဖြေရှင်းဆောင် ရွက်မှုများနှင့်စစ်ဆေးရေးအရာရှိများ၏ အခန်းကဏ္ဍ၊ ကဏ္ဍအလိုက် စားသုံးသူ ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆောင်ရွက်နေမှုများ၊ ဆောင်ရွက်နေမှုအပေါ် မြန်မာနိုင်ငံ အနေဖြင့် လိုက်ပါဆောင်ရွက်နေမှု ဘာသာရပ်များကို သင်တန်းဆရာ/ဆရာမများမှပို့ချပြီး သင်တန်းတက်ရောက်သူ နတ်တလင်းခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်စန္ဒာဝင်း တက်ရောက် ကြောင်းသိရှိရသည်။
DOCA(ပဲခူး)
