Main menu

ဆန်ဈေးနှုန်းကြီးမြှင့်စွာရောင်းချမှုမရှိစေရေး နေ့စဉ်ကွင်းဆင်းကြပ်မတ်အသိပညာပေးမှုများ ဆောင်ရွက်လျက်ရှိ

Powered by Drupal

   (၄.၂.၂၀၂၆)ရက်နေ့၊ နံနက် (၁၀း၃၀)အချိန်ခန့်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန် အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မင်းလတ်(ခရိုင်ဦးစီးမှူး)နှင့်ဝန်ထမ်းများသည် သင်္ဃန်းကျွန်းခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အရှေ့ဒဂုံမြို့နယ်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများနှင့်ပူးပေါင်းပြီး  အရှေ့ဒဂုံမြို့နယ်အတွင်းရှိ ဆန်လက်လီ/လက်ကားရောင်းချနေသော ဆန်ရောင်းဝယ်ရေးအရောင်းဆိုင်သို့သွားရောက်၍ ကွင်းဆင်းအသိပညာပေးမှုများဆောင် ရွက်ခဲ့ကြောင်းသိရှိရပါသည်။

    ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် ဆန်ဆိုင်များရှိ ရောင်းချနေသော ဆန်များသည် ရက် (၉၀)၊ ကြားပျံ ရွှေဘိုပေါ်ဆန်း၊ ဧည့်မထ၊ ဆင်းသွယ်(ရှယ်)၊ ပေါ်ဆန်းမွှေးထူး(ရှယ်)၊ ကောက်ညှင်း (ရှယ်)၊ မြောင်းမြပေါ်ဆန်း (အသစ်)ဆန်များကိုဝါးတန်းကုန်စည်ဒိုင်မှ အများဆုံး ဝယ်ယူရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ရာ ဆန်ရောင်းချမှုမှာလည်းပုံမှန်အတိုင်းရှိပြီး ဆန်သိုလှောင်မှုအိတ်အရေအတွက်များစွာမရှိပဲ ပုံမှန်ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း စစ်ဆေး တွေ့ရှိရပါသည်။ ဆန်ဈေးနှုန်းကြီးမြှင့်မှုမဖြစ်ပေါ်စေရေးအတွက် ဈေးကစားရန်အလို့ငှာဆန်များ သိုလှောင်ထားခြင်းမပြုရန် ဆန်များကို ဈေးနှုန်းအဆမတန် ရောင်းချမှုမရှိစေရေးနှင့်ရောင်းချခြင်းကို စိစစ်တွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန် ဆောင်မှုဥပဒေအရ အရေးယူခံရမှာဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ကုန်)