
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့၊ နံနက် (၁၁း၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီး ဌာန၊ တိုင်းဒေသကြီးဦးစီးမှူးမှ တိုင်းဒေသကြီးဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း ဖွဲ့စည်းနိုင် ရေး အတွက် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ၊ ထားဝယ်ခရိုင်၊ မြိတ်ခရိုင်၊ ကော့သောင်းခရိုင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့် ကြိုတင်ညှိနှိုင်းဆွေးနွေးခြင်းအား Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။
ညှိနှိုင်းဆွေးနွေးရာတွင် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ အသင်းဖွဲ့စည်းရခြင်း၏ ရည်ရွယ် ချက်များ၊ အသင်းအဖွဲ့များ ဖွဲ့စည်းခြင်းဖြင့်ရရှိမည့် အကျိုးကျေးဇူးများ၊ တိုင်းဒေသကြီးဦးစီးမှူးမှ တိုင်းဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း ဖွဲ့စည်းရာတွင် ထားဝယ်၊ မြိတ်၊ ကော့သောင်းခရိုင်အသင်းများစုပေါင်း၍ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ အသင်း အဖွဲ့များ၏ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဖွဲ့စည်းဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ တက်ရောက်ကြသော ခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများမှ လိုအပ်သည်များအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)
