
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့၊ နံနက် (၉း၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီး ဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့်ဝန်ထမ်းများသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ တိုင်းရင်း ဆေးပညာဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ထားဝယ်မြို့ပေါ်ရှိ ကုန်စုံဆိုင်များ အား စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
အဆိုပါစျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်း စွာဝယ်ယူစားသုံးနိုင်စေရေးအတွက် စျေးကွက်အတွင်းရောင်းချနေသော အသင့်စားမုန့်အမျိုးမျိုးနှင့် အလှကုန်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များနှင့်အညီ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခုခုနှင့်ဖြစ်စေ တွဲလျက်ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာပါရှိမှု ရှိ/မရှိ စစ်ဆေးခြင်း၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များ ပါရှိမှု ရှိ/မရှိ ၊ သက်တမ်း လွန် စားသောက်ကုန်ပစ္စည်းများနှင့် အလှကုန်ပစ္စည်းများ ရောင်းချနေမှု ရှိ/မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)
