
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ပထမပတ်အတွင်း မြိတ်မြို့ရှိ အခြေခံစားသောက်ကုန်များ ဖြစ်သော ဖျာပုံပေါ်ဆန်မွှေးတစ်ပြည်လျှင် (၆၂၅၀) ကျပ်၊ ဧည့်မထ (ဒေသ)ဆန် တစ်ပြည် လျှင်(၂၉၀၀) ကျပ် စားအုန်းဆီတစ်ပိဿာလျှင် (၇၃၉၀)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ စားဖိုဆောင် စားသောက်ကုန်များအနေဖြင့် ကြက်သွန်နီ တစ်ပိဿာလျှင် (၃၅၀၀)ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာလျှင်(၁၂၅၀၀)ကျပ်မှ (၁၃၀၀၀)ကျပ်၊ (ရှမ်းစ) တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်မှ(၁၁၀၀၀)ကျပ်၊ ငရုတ်သီးခြောက်(ရှည်) တစ်ပိဿာလျှင် (၂၀၀၀၀) ကျပ်မှ (၂၁၀၀၀)ကျပ်၊ ငရုတ်သီးခြောက်(ပု)လျှင် တစ်ပိဿာ ၂၇၀၀၀ ကျပ်၊ ဆား တစ်ပိဿာလျှင် (၁၃၀၀) ကျပ်၊ ပဲခြမ်းတစ်ပိသာလျှင် (၆၅၀၀)ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာလျှင် (၅၀၀၀) ကျပ်၊ အာလူး တစ်ပိဿာလျှင် (၆၅၀၀) ကျပ်၊ မန်ကျည်းသီးမှည့် တစ်ပိဿာလျှင် (၁၀၅၀၀) ကျပ်၊ ပဲတောင့်ရှည် တစ်စည်းလျှင် (၁၀၀၀) ကျပ်၊ ဂေါ်ဖီထုပ် တစ်ထုပ်လျှင် (၅၀၀၀) ကျပ်နှင့် (ချင်း) တစ်ပိဿာလျှင် (၆၀၀၀)ကျပ်၊ ကြက်ဥဈေးမှာ တစ်လုံးလျှင် (၅၀၀)ကျပ်၊ ဘဲဥ တစ်လုံးလျှင် (၆၀၀)ကျပ်၊ ကြက်သား (CP) တစ်ပိဿာလျှင် (၁၉၀၀၀)ကျပ်၊ ဝက်သား တစ်ပိဿာလျှင် (၃၄၀၀၀)ကျပ်၊ အမဲသား တစ်ပိဿာလျှင် (၃၀၀၀၀)ကျပ်၊ ဆိတ်သားတစ်ပိဿာလျှင် (၄၀၀၀၀)ကျပ် စသည် ဖြင့် ရောင်းဝယ်လျက်ရှိရပါ သည်။
ငရုတ်သီးခြောက်ဈေးနှုန်းမြင့်တက်ရခြင်းမှာ ပြည်ပမှအဝင်နည်းသောကြောင့် ဖြစ်ပါသည်။ ကျန်အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)
