Main menu

မြင်းခြံမြို့တွင် ဆန်ရောင်းဝယ်ရေးဆိုင်များသို့ ကွင်းဆင်း

Powered by Drupal

     မြန်မာဆန်စပါးအွန်လိုင်း(My RO)ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး (MyRO)တွင် မှတ်ပုံတင်သက်တမ်းတစ်နှစ်ပြည့်မြောက်ပြီးသော သိုလှောင်ရုံများ သက်တမ်းပြန်လည်တိုးနိုင်ရေးနှင့် www.myro.com.mm တွင် လစဉ်လဆန်း(၁)ရက်နေ့မှ(၁၀)ရက်နေ့အတွင်း သိုလှောင်ရုံလုပ်ငန်းရှင်များအနေဖြင့် မိမိတို့သိုလှောင်ရုံများ၏ ကုန်ရ/ကုန်ထုတ်/ကုန်လက်ကျန် အခြေအနေများကို ထည့်သွင်းပေးနိုင်ရေး စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ရုံးအနေဖြင့် ကြပ်မတ်ဆောင်ရွက်လျက်ရှိရာ (၃.၂.၂၀၂၆) ရက်နေ့၊ နံနက် ၀၉:၃၀ နာရီအချိန်တွင် ဒုခရိုင်ဦးစီးမှူး ဦးတင်ဇော်ထွေးနှင့် ဝန်ထမ်းများသည် မြင်းခြံမြို့၊ အမှတ်(၁၅)ရပ်ကွက်ရှိ ‘‘အောင်ကမ္ဘာ’’ ဆန်ရောင်းဝယ်ရေးဆိုင်သို့ ကွင်းဆင်း၍ သက်တမ်းတိုးဆောင်ရွက်ခြင်းနှင့် လစဉ်လဆန်း(၁)ရက်နေ့မှ(၁၀)ရက်နေ့အတွင်း သိုလှောင်ရုံများ၏ ကုန်ရ/ ကုန်ထုတ်/ ကုန်လက်ကျန် အခြေ အနေများ အား မပျက်မကွက်ထည့်သွင်းပေးရန်နှင့် ဒေသတွင်း ဆန်စပါးဈေးနှုန်းများတည်ငြိမ်စေရေးအတွက် သတ်မှတ်ထားသော ရည်ညွှန်းဈေးများကိုအခြေခံ၍ သင့်တင့်မျှတသောနှုန်းထားများဖြင့် ရောင်းချ ကြရန် လိုအပ်ပါကြောင်း၊ ဆွေးနွေးအသိပညာပေးခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)