Main menu

ချင်းပြည်နယ်မှ ကလေးမြို့သို့ စီးဝင်လျက်ရှိသည့် ရာသီစာသီးနှံများ၏ ဈေးနှုန်း/ဈေးကွက် အခြေအနေ

Powered by Drupal

        စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ ဈေးကွက်တွင် ချင်းတောင်မှ ထွက်ရှိသည့် ဂေါ်ဖီထုပ်၊ ဂေါ်ရခါးသီး၊ အိန္ဒိယမုန်ညှင်း၊ ခါကြက်ဥ၊ ရွှေပဲသီး၊ အညှာမီးဖုတ် ( ခေါ် ) တောင်ပေါ် ခရမ်းအချဉ်သီး၊ မုန်ညှင်းခါး၊ ကြက်သွန်ဖြူနှင့် ကြက်သွန်နီများ အရောင်းအဝယ်ဖြစ်လျက်ရှိပြီး  ဈေးနှုန်း/ဈေးကွက်များအား ဒေါ်မိငယ် ကုန်စိမ်းပွဲရုံထံမှ မေးမြန်းသိရှိရပါသည်။

      ကလေးမြို့ပေါ်ဈေးကွက်တွင် တောင်ပေါ်ဒေသဖြစ်သည့် ဖလမ်းမြို့နယ်၊ ဗားလုံ၊ လုံးဟော့၊ ဇိုင်ဇော်လ်၊ လားသီး၊ လုမ်ဘန်း၊ ပါရ်သဲနှင့် ဘွာလ်ခွါကျေးရွာများတွင် အများဆုံး စိုက်ပျိုးပြီး ကလေးမြို့သို့ အဓိကတင်ပို့ရောင်းချလျက်ရှိပါသည်။ ကလေးမြို့မှတဆင့် ကလေးဝမြို့၊ တမူးမြို့များသို့လည်း တင်ပို့ရောင်းချလျက်ရှိပါသည်။

          ကလေးမြို့ပေါ် ဈေးကွက်တွင် ချင်းတောင်ဒေသမှ ထွက်ရှိသည့် သီးနှံရောင်းဈေးနှုန်း ( လက္ကား ) ဈေးနှုန်းများအနေဖြင့် ဂေါ်ဖီထုပ် တစ်ပိဿာလျှင် ( ၁၀၀၀ ) ကျပ်၊ ဂေါ်ရခါးသီ တစ်ပိဿာလျှင် ( ၅၀၀ ) ကျပ်၊ မုန်ညှင်း ( အိန္ဒိယမုန်ညှင်း ) တစ်ပိဿာလျှင် ( ၂၅၀၀ )ကျပ်၊ ခါကြက်ဥ တစ်ပိဿာလျှင် ( ၃၀၀၀ ) ကျပ်၊ ရွှေပဲသီး တစ်ပိဿာလျှင် ( ၄၀၀၀ ) ကျပ်၊ အညှာမီးဖုတ် ( ခေါ် ) ခရမ်းအချဉ်သီး တစ်ပိဿာလျှင် ( ၆၀၀၀ ) ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာလျှင် ( ၃၀၀၀ ) ကျပ်၊ မုန်ညှင်းခါး တစ်ပိဿာလျှင် ( ၁၅၀၀ ) ကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿာလျှင် ( ၄၀၀၀ ) ကျပ်၊ ကြက်သွန်နီ တစ်ပိဿာလျှင် ( ၄၂၀၀ ) ကျပ် ဈေးနှုန်းများဖြင့်တဆင့်ခံ ပြန်လည်ရောင်းချပေးလျက် ရှိပါကြောင်း ဈေးကွက်အတွင်းမှ လေ့လာသိရှိရပါသည်။

DOCA(စစ်ကိုင်း)