
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေး/ ချောက်ခရိုင်အတွင်းရှိ ဝန်ထမ်းများ သည် “ထုတ်ကုန်လုံခြုံ စိတ်ချရမှုအစ ကုန်အညွှန်းအမှတ်အသားက” ဆိုသည့်အတိုင်း စျေးကွက်အတွင်း ရှိ ကုန်စည်များတွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း(၁၈)ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် ပြည့်စုံစွာပါဝင်ရမည့် အချက်အလက်များ၊ ပြည့်စုံမှန်ကန်စွာဖော်ပြထားခြင်းရှိ/ မရှိနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက စားသုံးရန်မသင့်တားမြစ်ထားသော ကုန်စည်များ ရောင်းချမှုရှိ/ မရှိတို့အား မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို လစဉ် ဆောင်ရွက်လျက်ရှိပါသည်။
မကွေး/ ချောက်ခရိုင်အတွင်းရှိ မြို့နယ်များမှ ၂၀၂၆-ခုနှစ်၊ ဇန်နဝါရီလအတွင်း စျေးကွက်စောင့် ကြည့်စစ်ဆေးခြင်းများကို မြို့နယ်အလိုက်ဆောင်ရွက်မှုမှာ မကွေးမြို့နယ် (၁၁)ကြိမ်၊ နတ်မောက်မြို့ နယ် (၁)ကြိမ်၊ တောင်တွင်းကြီးမြို့နယ် (၅)ကြိမ်၊ မြို့သစ်မြို့နယ် (၂)ကြိမ်၊ ချောက်မြို့နယ် (၆)ကြိမ်၊ ရေနံချောင်းမြို့ နယ် (၆)ကြိမ်၊ စုစုပေါင်း (၃၁)ကြိမ် ဆောင်ရွက်ခဲ့ ကြောင်းသိရှိရပါသည်။
DOCA(မကွေး)
